သတင်းများ

တောင်ငူမြို့၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပ
Jan 03,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် (၉) နာရီအချိန်က (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့သည်။
မိုင်းယုမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကြိုတင်ပြင်ဆင်ခြင်းနှင့်အတူ အားကစားပြိုင်ပွဲများ ကြိုတင်ကျင်းပ
Jan 03,2024
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကြိုတင်ပြင်ဆင်ခြင်းနှင့်အတူ အားကစားပြိုင်ပွဲများ ကြိုတင်ကျင်းပခြင်းကို ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်ရှိ အားကစားကွင်း၌ ပြုလုပ်လျက်ရှိသည်။
ကျောက်ဖြူမြို့၊ ငလပွေ့ချောင်းအတွင်းသို့ ရေငန်ပုစွန်သားပေါက်ကောင်ရေ (၁၅)သိန်း မျိုးစိုက်ထည့်
Jan 03,2024
ရခိုင်ပြည်နယ်၊ ကျောက်ဖြူရေငန်ပုစွန်သားဖောက်စခန်းမှကြီးမှူး၍ ရေငန်ပုစွန်သားပေါက်ကောင်ရေ(၁၅)သိန်း မျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ကျောက်ဖြူမြို့၊ ငလပွေ့ရပ်ကွက်ရှိ ငလပွေ့ချောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဗဟန်းမြို့နယ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများကျင်းပ
Jan 03,2024
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျ​ရောက်မည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ပြပွဲနှင့် ပြိုင်ပွဲများကို ယမန်နေ့ ​နေ့လယ်ပိုင်းက ဗဟန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့သည်။
လဲချားတွင် ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊ စာစောင်များ ကွင်းဆင်းငှားရမ်းပေး
Jan 03,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များ ရင့်သန်လာစေရန်၊ အမှားနှင့်အမှန် ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်သို့ မလာရောက်နိုင်သော စာပေချစ်မြတ်နိုးသူများအတွက်ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီအချိန်က ဌာနဆိုင်ရာရုံးများအရောက် စာအုပ်၊ စာစောင်များ နယ်လှည့်ကွင်းဆင်းငှားရမ်းပေးခဲ့​သည်။
ပွင့်ဖြူမြို့နယ်၌ တစ်ပိုင်တစ်နိုင် စားဖိုဆောင်သီးနှံ ပန်းမုံလာစိုက်ပျိုးတောင်သူများ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ
Jan 03,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံပြည်သူများက မုန်းချောင်းရေနှင့် မြေအောက်ရေကို အကျိုးရှိစွာအသုံးချပြီး မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေတိုးပွားစေရန် တစ်ပိုင်တစ်နိုင် ပန်းမုံလာသီးနှံ စိုက်ပျိုးလုပ်ကိုင်ကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်းနှင့် ရောင်းချရာတွင်လည်း ဈေးကောင်းရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက်စိုက်ပျိုးတောင်သူများထံမှ သိရသည်။
ကျောက်တံတားမြို့နယ်တွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးအန္တရာယ် အသိပညာပေးစာစီစာကုံး၊ ပန်းချီပြိုင်ပွဲနှင့် ဟောပြောပွဲများ ကျင်းပ
Jan 03,2024
အခြေခံပညာကျောင်းများရှိ ကျောင်းသားလူငယ်များ ဆေးလိပ်နှင့်ဆေးရွက်ကြီး အန္တရာယ်အကြောင်း အသိပညာပေးနိုင်ရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း (PHF)နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းမှုဖြင့် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကျောက်တံတားမြို့နယ် အမှတ်(၆) အခြေခံပညာမူလတန်းကျောင်းခန်းမတွင် ကျင်းပြုလုပ်သည်။
ခိုလမ်မြို့တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များ ဖြန့်ဝေ
Jan 03,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက်ပိုင်းအချိန်က အခြေခံပညာကျောင်းများတွင် ဖြန့်ဝေခဲ့ပါသည်။