မိုင်းတုံ ဇန်နဝါရီ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အ.ထ.က မိုင်းတုံစာသင်ကျောင်း၌ ၂၀၂၄ ပညာသင်နှစ်၊ (၇)ကြိမ်မြောက် မိဘ/ဆရာတွေ့ဆုံပွဲကို ယမန်နေ့ညနေပိုင်းက ကျင်းပရာ ကျောင်းကော်မတီအဖွဲ့များ၊ ကျောင်းသားမိဘများ၊ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ပထမဦးစွာ မိုင်းတုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက အ.ထ.က မိုင်းတုံစာသင်ကျောင်းသည် အထက်တန်းကျောင်းဖြစ်သည့်အတွက် ကျောင်းပေါင်းစုံပါဝင်တဲ့ စုံညီပွဲတော်ပြုလုပ်ရမှာဖြစ်တယ်၊ ပညာရေးနဲ့ပတ်သက်သည့် ဆုရရှိတဲ့ကျောင်းသား၊ ကျောင်းသူများ၊ အားကစားနှင့်ပတ်သက်သည့် ကျောင်းသား၊ ကျောင်းသူများ၊ စာစီစာကုံး၊ ကဗျာ၊ လူရေချွန်ပြိုင်ပွဲ အစရှိတဲ့ ပြိုင်ပွဲထူးချွန်သူများအတွက် ဆုပေးနိုင်ရေးကို ဦးစာပေး ဆောင်ရွက်စေလိုကြောင်း အဖွင့်အမှာစကားပြောကြားပြီး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သွယ်သွယ်ဟန်က စုံညီပွဲတော် ကျင်းပရခြင်းနှင့်ပတ်သက်၍ အကျယ်တစ်ဝန်း ရှင်းလင်းသည်။
ဆက်လက်၍ တက်ရောက်လာသည့် ကျောင်းကော်မတီအဖွဲ့များနှင့် ကျောင်းသားမိဘများမှ ကျောင်းစုံညီပွဲတော်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အပြန်အလှန် ဆွေးနွေးပြီးနောက် ကျောင်းကော်မတီအဖွဲ့နှင့် ကျောင်းသားမိဘများစုပေါင်း၍ ကျောင်းစုံညီပွဲတော်အတွက် အလှူငွေကျပ်(၂၁၀၀၀၀ဝိ) နှစ်ဆယ့်တစ်သိန်းကျပ်တိတိကို လှူဒါန်းခဲ့ကြောင်း အ.ထ.ကမိုင်းတုံမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သွယ်သွယ်ဟန်ထံမှ သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်/ဆက်)