မကွေးတိုင်းဒေသကြီး သင်ကြားရေးဆေးရုံအုပ်ကြီး ဦးဆောင်သော အထူးကုဆရာဝန်ကြီးများအဖွဲ့က ရေနံချောင်းမြို့နယ်အတွင်းရှိ အထွေထွေရောဂါဝေဒနာ ခံစားနေရသော လူနာများအား အခမဲ့ကွင်းဆင်းဆေးကုသပေး

ရေနံချောင်း ဇန်နဝါရီ ၃

မကွေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာန၏ နယ်လှည့်ဆေးကုသမှုအစီအစဉ်ဖြင့် မကွေးတိုင်းဒေသကြီး သင်ကြားရေးဆေးရုံအုပ်ကြီး ဒေါက်တာဆန်လွင်ဦး ဦးဆောင်သော အထူးကုဆရာဝန်ကြီးများအဖွဲ့သည် ယမန်နေ့နံနက် ၇ နာရီက ရေနံချောင်းမြို့နယ်အတွင်းရှိ အထွေထွေရောဂါဝေဒနာခံစားနေရသော လူနာများအား မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် အခမဲ့ကွင်းဆင်းဆေးကုသပေးခဲ့ကြောင်းသိရသည်။

ထိုသို့ ကွင်းဆင်းဆေးကုသပေးရာတွင် ရေနံချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက် ၁၄ ရပ်ကွက်နှင် ကျေးရွာအုပ်စု ၂၉ အုပ်စုတို့မှ အကြီးစားခွဲစိတ်မှုအဖြစ် အူအတက်ပေါက်၊ အူကျ၊ ရေမုတ် ၃ ဦးနှင့် အသေးစားခွဲစိတ်မှုအလုံးအကြိတ် ၅ ဦးအပါအဝင် မျက်စေ့ရောဂါ၊ ဆီးနှင့် ကျောက်ကပ်ရောဂါ၊ အကြောရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ကင်ဆာရောဂါ စသည့် အထွေထွေရောဂါလူနာ အမျိုးသား ၃၄၅ ဦးနှင့် အမျိုးသမီး ၅၂၆ ဦး စုစုပေါင်း ၈၇၁ ဦးကို စစ်ဆေးကုသပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမဲ့ဆေးကုသပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကျော်ကျော်လင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ဆရာဝန်အသင်း၊ မြို့နယ်ကျန်းမာရေးကြီးကြပ်မှုကော်မတီဝင်များ၊ ကြက်ခြေနီအသင်းအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)