စလင်းမြို့နယ် စလင်း-မင်းဘူးကားလမ်းကတ္တရာလမ်းချဲ့လမ်းခင်းခြင်း​လုပ်ငန်းများအား ပို့ဆောင်ရေးနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

စလင်း ဇန်နဝါရီ ၃

မကွေးတိုင်းဒေသကြီး  မင်းဘူးခရိုင်  စလင်းမြို့နယ်  ဒေသဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများဖြစ်သည့် စလင်း-မင်းဘူးကားလမ်း တိုးချဲ့ကတ္တရာခင်းဆောင်ရွက်နေမှုနှင့် ကန်တော်ချောင်းတံတားချဥ်းကပ် လမ်းဆောင်ရွက်နေမှု ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့ နံနက်၉နာရီ၃၀အချိန်က လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီးနှင့် တာဝန်ရှိသူများက စလင်းမြို့နယ်အတွင်း ကတ္တရာလမ်းချဲ့ခြင်း  မင်းဘူး၊ စလင်း၊ တညောင်၊ ဆိပ်ဖြူလမ်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း  သိရသည်။

မင်းဘူး၊ စလင်း၊ တညောင်၊ ဆိပ်ဖြူလမ်း ဆောင်ရွက်နေမှုများကို  ပို့ဆောင်ရေးနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး  ရဲမှူးကြီး  လင်းထွဠ်နှင့် မင်းဘူးခရိုင်ရဲမှူး၊ ခရိုင်လမ်းဦးစီး၊ မြို့နယ်ရဲမှူးကြီးနှင့် မြို့နယ်လမ်းဦးစီးတို့ လိုက်ပါ၍ မင်းဘူး၊ စလင်းတညောင်၊ ဆိပ်ဖြူလမ်း မိုင်၃၅/၄-၃၅/၆.၂ ဖာလုံအရှည်  ၂၄ ပေအကျယ် ကတ္တရာလမ်းချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် မိုင် ၃၅/၆-၃၆/၀.၂ဖာလုံအကျယ် ၂၄ ပေ၊ မိုင်တိုင်အမှတ် ၃၆/၂-၃၆/၄.၂ ဖာလုံ အကျယ် ၂၄ ပေဆောင်ရွက်နေမှုများအား  ကွင်းဆင်းစစ်ဆေးခဲ့သည်။ ဆက်လက်၍ ထိုမှတစ်ဖန်  စလင်းမြို့နယ် လမ်းဦးစီးဌာနရုံးတွင် ခရိုင်လမ်းဦးစီးမှ မင်းဘူး-စလင်း-တညောင်-ဆိပ်ဖြူလမ်းနှင့်ပတ်သက်သည့် လမ်းမိုင်လမ်းအခြေအနေနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးမှလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် မင်းဘူ-စလင်း-တညောင်-ဆိပ်ဖြူလမ်းမိုင် ၅၂/၀-၅၂/၂ အတွင်း ကန်တော်တံတား  ချဥ်းကပ်လမ်းရေတိုက်စားခြင်းမှ ကာကွယ်ရန် မြေကာနံရံတည်ဆောက်ခြင်းများကို မေးမြန်းဆွေးနွေးခဲ့ရာ ခရိုင်လမ်းဦးစီးမှ ချဥ်းကပ်လမ်းနှင့် ရေတိုက်စားခြင်းမှကာကွယ်ရန် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းရာ ဝန်ကြီးမှ  လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

မောင်လွင်(စလင်း)