စလင်း ဇန်နဝါရီ ၃
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ တိုက်နယ်ဆေးရုံရှိ မွေးကင်းစကလေးများအား ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက. ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နန္ဒာဝင်းနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းများက ကျန်းမာရေးစောင့်ရှောက်မှုအဖြစ် ဆင်ဖြူကျွန်းတိုက်နယ်ဆေးရုံတွင် တက်ရောက်မွေးဖွားဆေးကုသမှုခံယူနေသည့် မွေးကင်းစကလေး(၁၅)ဦးတို့အား ကလေးအနွေးစောင်(၁၅)ထည်နှင့် လက်အိတ်များ မိခင်နှင့်ကလေးများအတွက် အာဟာရဖြစ်စေမည့် ပစ္စည်းများကို မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နန္ဒာဝင်းမှ အနီးကပ်ကြီးကြပ်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်လွင်(စလင်း)