စလင်း ဇန်နဝါရီ ၃
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ စာစီကျောင်းရပ်ကွက်ဓမ္မာရုံ ဗုဒ္ဓပူဇနိယဆွမ်းသပိတ်လုံး ပူဇော်ကပ်လှူပွဲအထိမ်းအမှတ် မြန်မာ့ရိုးရာမုန့်ပြားသလက်၊ အကြော်စုံနှင့် မုန်းဟင်းခါး စတုဒီသာကျွေးမွေး ဒါနပြုပွဲကို ဇန်နဝါရီလ(၂)ရက်နေ့ နေ့လည်(၂)နာရီအချိန်မှ စတင်ကျွေးမွေးခဲ့ကြောင်း သိရသည်။
အဆိုပါ စတုဒီသာကျွေးပွဲကို ၁၃၈၅ ခု နတ်တော်လဆုတ် ၆ ရက် နေ့လည်(၂)နာရီအချိန်မှစတင်ကာ စာစီကျောင်းရပ်ကွက် ဓမ္မာရုံဗုဒ္ဓပူဇနိယဆွမ်းသပိတ်လုံး ပူဇော်ကပ်လှူပွဲအထိမ်းအမှတ် မြန်မာ့ရိုးရာ မုန့်ပြားသလက်အကြော်
စုံနှင့်မုန့်ဟင်းခါး စတုဒီသာကျွေးဒါနပြုပွဲကို နေ့လည်(၂)နာရီအချိန်မှစတင်ကာ တတိယအကြိမ်မြောက် ကျွေးမွေးကုသိုလ်ပြုလုပ်ခဲ့ရာ စတုဒီသာအလှူပွဲကြီး မတည်အလှူရှင်များအဖြစ် လုပ်အားဒါန ပြုလုပ်ဆောင်ရွက်ကြသည့် စာစီကျောင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမင်းခိုင် ဦးဆောင်မှုဖြင့် ရပ်ကွက်အတွင်းရှိ စေတနာရှင်ကုသိုလ်ရှင်များ ရပ်ကွက်လူငယ်များစုပေါင်း၍ ညီညွတ်စွာဖြင့် ကုသိုလ်ယူ၍ အရုပ်အမြတ်မရွေး လာရောက်၍စားသုံးကြသည်မှာ မြင်ရသူအပေါင်း ကြည်နူးဝမ်းသာပီတိဖြစ်ကြောင်းဖြင့် မြန်မာ့ရိုးရာစားစရာ မုန့်ပြားသလက်၊ အကြော်စုံနှင့် မုန့်ဟင်းခါးအလှူပွဲ စည်ကားလျက်ရှိကြောင်း သိရှိရသည်။
မောင်လွင်(စလင်း)