လှိုင်သာယာ(အရှေ့ပိုင်း) ဇန်နဝါရီ ၃
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် တိုက်ကွမ်ဒိုအားကစားပြိုင်ပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်က အမှတ်(၆) ရပ်ကွက် အောင်မြေသာယာအားကစားကွင်း၊ မိုးလုံလေလုံအားကစားရုံ၌ ကျောင်းသား၊ ကျောင်းသူများနှင့် တိုက်ကွမ်ဒိုအားကစားပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
တိုက်ကွမ်ဒိုအားကစားပြိုင်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်မင်းကိုနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဒေါ်ဖြိုးမွန်စံနှင့်ရုံးအဖွဲ့၀င်များ၊ ဒိုင်အဖွဲ့၀င် ဆရာ၊ ဆရာမများ၊ ပြိုင်ပွဲ၀င် ကျောင်းသား၊ ကျောင်းသူများ၊ ဝါသနာရှင်များ၊ ပွဲကြည့်ပရိတ်သတ်များ၊ စုစုပေါင်း အင်အား (၂၅၀) ဦး တက်ရောက်လျက်ရှိသည်။
အဆိုပါ ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူများ၊ ဝါသနာရှင်များ၊ တိုက်ကွမ်ဒိုအဖွဲ့လိုက် သရုပ်ဖော်ပြသခြင်း၊ အတိုက်၊ ကကွက် တစ်ဦးချင်းသရုပ်ဖော်ပြသခြင်း၊ နှစ်ယောက်တွဲပြိုင်ပွဲဝင် (၃၁) တွဲ ယှဥ်ပြိုင်ကာ ပြိုင်ပွဲဝင် (၇၀) ဦး ဝင်ရောက်ယှဥ်ပြိုင်လျက်ရှိပြီး ပြိုင်ပွဲကျင်းပရေးနှင့် ဆုချီးမြှင့်ရေးအတွက်ဂုဏ်ပြုဆုချီးမြှင့် ငွေ (၄၀၀၀၀၀) ကျပ်အား ချီးမြှင့်ပေးအပ်ပြီး တိုက်ကွမ်ဒိုအားကစားပြိုင်ပွဲ၀င် ဆုရရှိသူများကို ဇန်နဝါရီလ (၄) ရက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ထပ်မံဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ခင်၀င်းမူ(ပြန်/ဆက်)