တောင်တွင်းကြီးမြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အလွတ်တန်း Snooker ပြိုင်ပွဲ ကျင်းပ

တောင်တွင်းကြီး ဇန်နဝါရီ ၃

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် အားကစားနှင့်ကာယဦးစီးဌာနနှင့် အောင်သိဒ္ဓိ Snoorker ကလပ်တို့ ပူးပေါင်း၍ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အလွတ်တန်း Snooker ပြိုင်ပွဲကို ယမန်နေ့ နေလယ်(၃)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ အလွတ်တန်း Snooker ပြိုင်ပွဲအား ကစားသမားများ အသက်အရွယ်ကန့်သတ်ထားခြင်းမရှိဘဲ စနူကာကစားနည်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရန်၊ မျိုးဆက်သစ်လူငယ်ကစားသမားကောင်းများ ပေါ်ထွက်လာစေရန်နှင့် လက်ရှိကစားသမားကောင်းများအတွက်လည်း အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါပြိုင်ပွဲသို့ ကစားသမားစုစုပေါင်း(၁၃)ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသော ကစားသမားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦး၊ အဖွဲဝင်(၁)ဗိုလ်မှူးသက်ခိုင်ထွန်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲ့မှူးရဲမြင့်တိုက ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ရန်နောင်စိုး(ပြန်/ဆက်)