ရေကြည် ဇန်နဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ် အသုတ်မြို့၊ ဆပ်ကွင်းအုပ်စု၊ ဒေါင့်ကြီးရိုးကျေးရွာ၊ ပုသိမ်-မုံရွာကားလမ်းမပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ သုံးခွဘက်မှ အသုတ်မြို့ဘက်သို့ ဦးသိန်းဝင်း အသုတ်မြို့နေ သူစီးနင်းလာသော စက်ဘီးနောက်တွင် ယာဉ်အမှတ် ၂ယ-၄၅၂၁ ၊ Honda အမျိုးအစား(အဖြူရောင်) လိုင်စင် စီစစ်ဆဲယာဉ်အား မောင်းနှင်သူ ဦးလှသောင်းသည် လားရာတူလမ်း၏ ယာဘက်အတိုင်း မောင်းနှင်လာစဉ် ရှေ့မှ စက်ဘီးစီးနင်းလာသူ ဦးသိန်းဝင်းကလမ်း၏ ဘယ်ဘက်အခြမ်းသို့ ချိုးကွေ့လိုက်စဉ်ဆိုင်ကယ်မှ နောက်မှဝင်ရောက်တိုက်မိသဖြင့် စက်ဘီးစီးနင်းလာသူ ဦးသိန်းဝင်းတွင် ဝဲဘက်နဖူးပေါက်ပြဲဒဏ်ရာ(စိုးရိမ်ရ)၊ ယာဘက်ဦးခေါင်းနောက်ဘက် ပေါက်ပြဲဒဏ်ရာ(စိုးရိမ်ရ)၊ ယာဘက်ပါးပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ)၊ ဝဲဘက်ခြေထောက်ခြေခုံနှင့် ခြေသလုံးပွန်းပဲဒဏ်ရာ(မစိုးရိမ်ရ)၊ ယာဘက်လက်ခုံ ပွန်းပဲ့ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် အသုတ်တိုက်နယ်ဆေးရုံသို့ သွားရောက်ပို့ဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါအခင်းဖြစ်ပွားမှုနှင့်ပတ်သက်၍ အသုတ်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ဆပ်ကွင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်မောင်သိန်း၊ ရာအိမ်မှူး ဦးစောသန်းတို့နှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆိုင်ကယ်အားမဆင်မခြင်မောင်းနှင်ပြီး လူအား ပြင်းထန်ဒဏ်ရာများရရှိအောင် ပြုလုပ်ခဲ့သူ သစ်ငုတ္တထောင်ကျေးရွာအုပ်စု၊ အသုတ်မြို့ နေသူယာဉ်မောင်း ဦးလှသောင်းအား အသုတ်နယ်မြေရဲစခန်းမှယာဉ်(ပ) ၁/၂၀၂၄၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)