မြင်းခြံ ဇန်နဝါရီ ၁၀
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဖွင့်လှစ်သင်ကြားမည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တွဲဖက်သင် ကျောင်းဆောင်သစ် ဆောက်လုပ်ရန်အတွက် ပန္နက်ရိုက် အခမ်းအနားကို မြင်းခြံမြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေးအထက်တန်းကျောင်းဆောင် ဆောက်လုပ်ရန်အတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းအောင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းစိန်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ပန္နရိုက်ခြင်းနှင့် ရွှေရည်ငွေရည် သွန်းလောင်းခြင်းများ ပြုလုပ်ခဲ့သည်။ အဆိုပါ စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေးအထက်တန်းကျောင်းဆောင်သစ် ဆောက်လုပ်ရန်အတွက် ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေ (၄၅၂.၀၁၉) ကျပ်သန်းဖြင့် Royal Mudra Co.,ltd မှ တာဝန်ယူတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းများအား ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တွင် (၅၁) ကျောင်း ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ထပ်မံဖွင့်လှစ်မည့် ကျောင်းများအနက် မြင်းခြံမြို့တွင်လည်း စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း အား ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)