ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၌ သင်ထောက်ကူမော်တော်ယာဉ်ဖြင့် လုပ်ငန်းခွင်အရောက် အသိပညာပေးဆွေးနွေး

ဒဂုံတောင် ဇန်နဝါရီ ၁

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်တွင် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ သင်ထောက်ကူမော်‌‌တော်ယာဉ်ဖြင့် လုပ်ငန်းခွင်အရောက် အလုပ်သမားဥပဒေပါ ရပိုင်ခွင့်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီ ၃၀ မိနစ်က ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ရွာသာကြီးအကြီးစားစက်မှုဇုန် MING SHANG SPORTS MYANMAR (ဖိနပ်)စက်ရုံနှင့် METERHOPE GARMENT (အထည်ချုပ်)စက်ရုံတို့၌ ပြုလုပ်ကြောင်း သိရသည်။

အသိပညာပေးဆွေးနွေးပွဲတွင် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ဒဂုံမြိုသစ်ခရိုင်ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးသူရအောင်နှင့် သင်္ဃန်းကျွန်းခရိုင်ရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်မမလေးတို့က အလုပ်သမားဥပဒေပါရပိုင်ခွင့်များ၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများကို အသိပညာပေးဆွေးနွေးကြကြောင်း သတင်းရရှိသည်။

ယခုကဲ့သို့ အသိပညာပေးဆွေးနွေးမှုများပြုလုပ်ခြင်းဖြင့် အလုပ်ရှင်အလုပ်သမားများအနေဖြင့် အလုပ်သမားဥပဒေများကို သိရှိလာပြီး အလုပ်ရှင်၊ အလုပ်သမားများ၏ လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်အေးချမ်းသာယာ၍ ကုန်ထုတ်လုပ်မှုတိုးတက်ကာ နိုင်ငံ၏စီးပွားရေးကဏ္ဍများကို များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

သန်းသန်းအေး