မောင်တော ဇန်နဝါရီ ၁၂
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကျောင်းသား၊ကျောင်းသူများအား အနာဂတ်မျိုးဆက်သစ်လူငယ်များ ၊အသိပညာ ဗဟုသုတ မြင့်မားတိုးတက်စေရန်၊ လူငယ်လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်လာစေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများမှ Grade-9 မှ Grade 12 အထိ ခရိုင်အဆင့် လူရည်ချွန်ရွေးချယ်ရေးပွဲကို ကျင်းပလျက်ရှိရာ ယနေ့ နံနက် ၇ နာရီအချိန်က အားကစားပြိုင်ပွဲများကို မြို့မအားကစားကွင်းတွင် စစ်ဆေးဆောင်ရွက်ခဲ့သည်။
မောင်တောမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများမှ Grade-9 မှ Grade 12 အထိ ခရိုင်အဆင့် လူရည်ချွန် ရွေးချယ်ရေး စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက အားကစားပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများမှ Grade-9 မှ Grade 12 အထိ မောင်တောမြို့နယ် မှ ၈ ဦး နှင့် ဘူးသီး တောင် မြို့နယ်မှ ၈ ဦး စုစုပေါင်း ၁၆ ဦးတို့က အပြေး မီတာ ၁၀၀ ၊ ၄၀၀ ၊ ၈၀၀ နှင့် လက်ထောက်မှောက်တွန်းတင် ၊ ရပ်လျက် အလျားခုန် ၊ အိပ်ထမတင် စသည့် အားကစားအမျိုးအစားများကို အတန်းလိုက် ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါ ခရိုင်အဆင့် လူရည်ချွန် ရွေးချယ်ရေး စစ်ဆေးခြင်းကို ဇန်နဝါရီ ၉ ရက်နေ့တွင် မြန်မာစာနှင့် အင်္ဂလိပ်စာ စစ်ဆေးခြင်း၊ ဇန်နဝါရီ ၁၀ ရက်နေ့တွင် အထွေထွေ ဗဟုသုတနှင့် လူတွေ့နှုတ်ဖြေ စစ်ဆေးခြင်း ၊ ဇန်နဝါရီ ၁၂ ရက် နေ့တွင် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ကြပြီး အောင်မြင်သူများအနေဖြင့် ပြည်နယ်အဆင့်သို့ ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။
သက်လွင်စိုး၊အောင်ကျော်စိန် (ပြန်/ဆက်)