မော်လမြိုင် ဇန်နဝါရီ ၁၂
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်တွင် အမျိုးဘာသာ သာသနာ ဖျက်ဆီးသူများအား ဆန့်ကျင်ရှုတ်ချသည့် ရည်ရွယ်ချက်ဖြင့် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန် မော်လမြိုင် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ပြည်သူများကဆိုင်ကယ် (၃၀) စီး၊ မော်တော်ယာဉ် (၃၀) စီးဖြင့် စီတန်း၍ ထားဝယ်တံတားလမ်းအတိုင်း အ.ထ.က (၆) မီးပွိုင့်၊ ၎င်းမှအထက်လမ်းမကြီးအတိုင်း ထောင်ရှေ့အဝိုင်း ကျိုက်သလ္လံဘုရားလမ်းမှတစ်ဆင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ပြီး စစ်ကဲကုန်းရပ်ကွက်၊ ကမ်းနားလမ်း၊ ထားဝယ်တံတားအနီး ကစားကွင်းနေရာ (ယခင်ရေပေါ်ညဈေး) တွင် အမျိုးဘာသာ သာသနာ ဖျက်ဆီးသူများအား ဆန့်ကျင်ရှုတ်ချပွဲကိုကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးဘာသာ သာသနာ ဖျက်ဆီးသူ အကြမ်းဖက်သမားများအား ဆန့်ကျင်ရှုတ်ချပွဲတွင် အမျိုးသားရေးထောက်ခံသူ မွန်/ဗုဒ္ဓ၊ ဓမ္မဝံသကျောင်း၊ မိုးနှိုင်းရပ်ကွက်၊ ပေါင်မြို့နယ်နေ ဆရာတော် ဥူးတေဇဝံ ဦးဆောင်၍သာသနာတော်နှင့် နိုင်ငံတော်အား စောင့်ရှောက်ရန် ဗုဒ္ဓဘာသာဝင် နိုင်ငံသားတိုင်းတာဝန်ရှိကြောင်း၊ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားများ ကိုးကွယ်နေသည့် ဘုရား၊ စေတီများအား ဖျက်ဆီးသူ အကြမ်းဖက်သမားများအား ဆန့်ကျင်သင့်ကြောင်း စသည်ဖြင့်ဟောပြောသည်။
၎င်းနောက် တက်ရောက်လာသော စစ်ကဲကုန်း၊ ရွှေတောင်၊ မရမ်းကုန်း၊ သာယာအေး စသည့်ရပ်ကွက်နေပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့ အင်အား ၅၀၀ ခန့်သည် "နိုင်ငံတော်၏နယ်မြေတည်တံ့ခိုင်မြဲရေးနှင့် အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်"၊ မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာဝင် တိုင်းရင်းသားများ ကိုးကွယ်နေသည့် ဘုရား၊ စေတီများအား ဖျက်ဆီးသူ အကြမ်းဖက်သမားများအား ဆန့်ကျင်ကြ ."စာသားပါဗီနိုင်းများကိုင်ဆောင်ကာ" ဗုဒ္ဓဘာသာ သာသနာကို ဖျက်ဆီးနေသော အကြမ်းဖက်သူပုန်များ ရှင်းလင်းရေး ဒို့အရေး၊ ဒို့အရေး"၊ "အမျိုးဘာသာ သာသနာအား ဖျက်ဆီးသည့် အကြမ်းဖက်အဖွဲ့များ အလိုမရှိ၊ အလိုမရှိ"၊ "အမျိုးဘာသာ သာသနာအား ဖျက်ဆီးသည့် အကြမ်းဖက်အဖွဲ့များအား ချေမှုန်းကျ၊ ချေမှုန်းကျ"၊ ဗုဒ္ဓဘာသာ နိုင်ငံတော်အတွင်း သာသနာဖျက် လူသတ်မိစ္ဆာများ အမြန်ဆုံးပပျောက်စေရေး ဒို့အရေး၊ ဒို့အရေး"၊ ဘုရားဆင်းတုတော်များ ဖျက်ဆီးနေသော လူသတ်အကြမ်းဖက်သူပုန်များ ကျဆုံးပါစေ၊ ကျဆုံးပါစေ" ဟူသော ကြွေးကြော်သံ များကြွေးကြော်ခဲ့ကြကြောင်း သိရသည်။
မော်ရွှေမြိုင်