တံတားဦးမြို့နယ်တွင် ဟင်းသီး၊ ဟင်းရွက် တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိ
Nov 15,2023
တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် လယ်ယာမြေပိုင်ဆိုင်သည့် တောင်သူများအနေဖြင့် စပါး၊ ငရုပ်၊ ကြက်သွန်နီ၊ ပဲအမျိုးမျိုး ၊ ဆီထွက်သီးနှံ အမျိုးမျိုးများအပြင် နှစ်ရှည်သီးနှံ များဖြစ်သော သရက် ၊ ငှက်ပျော၊ ရာဘာ စသည့်တို့ကို စီးပွားဖြစ်စိုက်ပျိုးကြပြီး၊ လယ်ယာမြေပိုင်ဆိုင်မှု မရှိသည့် ပြည်သူများအနေဖြင့် စားဖိုဆောင်စရိတ် ကုန်ကျမှု သက်သာစေရန် မိမိတို့ နေအိမ်ခြံဝန်းအတွင်းရှိ မြေကွက်လပ်များတွင် ဟင်းသီးဟင်းရွက်၊ သီးပင်စားပင်များကို စိုက်ပျိုးခြင်းဖြင့် စားဖိုဆောင်စရိတ် သက်သာကြောင်း သိရသည်။