သတင်းများ

ညောင်တုန်းမြို့နယ်တွင် အမှိုက်စွန့်ပစ်မှုပညာပေး ဟောပြောပွဲ ကျင်းပ
Nov 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှိုက်စွန့်ပစ်မှု ပညာပေးဟောပြောပွဲမျာကို ယနေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ဒေးဒရဲမြို့၌ ကမ္ဘာ့ဆီးချိုသွေးချိုရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆီးချိုသွေးချိုရောဂါ အသိပညာပေး ဟောပြောခြင်းနှင့် ပြည်သူများအား အခမဲ့စစ်ဆေးပေး
Nov 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးဆောင်ကြီးကြပ်မှုဖြင့် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ဆီးချိုသွေးချိုရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် အခမဲ့စစ်ဆေးပေးခြင်းများကို ယနေ့နံနက် (၁၀) နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းပြုလုပ်‌ပေး
Nov 15,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှဦးစီးအရာရှိဦးမင်းသူ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် အခြေခံပညာကျောင်းများသို့ ပန်းခင်းစီမံချက်-၂ ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီက ရေပေါ်ကန်ကျေးရွာ အ.ထ.က(ခွဲ)ကျောင်း၌ ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကွန်ပျုတာ အခြေခံသင်တန်း (၃/၂၀၂၃) ဖွင့်ပွဲအခမ်းအနား ကျင်းပ
Nov 15,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာတွင် တိုင်းဒေသကြီးအစိုးရ၏ လမ်းညွှန်မှုဖြင့် ကွန်ပျုတာအခြေခံတန်း (၃/၂၀၂၃)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပခဲ့သည်။
ပေါင်မြို့နယ်၌ အသင်းပိုင်ငွေဖြင့် စိုက်ပျိုးသည့်မိုးစပါးများ စတင်ရိတ်သိမ်း
Nov 15,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ် ရွာတန်းရှည်ကျေးရွာ၌ တိုးတက်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမိတက်၏ အသင်းပိုင်ငွေဖြင့် ပံ့ပိုးစိုက်ပျိုးသည့် မိုးစပါးများအား ယနေ့နံနက်ပိုင်းက စတင်ရိတ်သိမ်းခဲ့သည်။
စမ်းချောင်းမြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ကျပန်းစကားပြောပြိုင်ပွဲကျင်းပ
Nov 15,2023
ဗလငါးတန်နှင့်ပြည့်စုံသည့်ကျောင်းသား၊ ကျောင်းသူများပေါ်ထွက်လာစေရန်ရည်ရွယ်၍  ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့၊ နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ စမ်းချောင်းမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပထမဖောင်းရစ်အား ရွှေစင်ရွှေပြား ဆက်ကပ်ပူဇော်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း အဝေးတက်ရောက်
Nov 15,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပထမဖောင်းရစ်အား ရွှေစင်ရွှေပြား ဆက်ကပ်ပူဇော်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ဌာနဆိုင်ရာများနှင့် နေပြည်တော်ဥပ္ပါတသန္တိစေတီတော် မြတ်ကြီး ဂေါပကအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဇလွန်မြို့နယ်တွင် သီးနှံအာမခံလုပ်ငန်းဆောင်ရွက်ရန် အသိပညာပေးရှင်းလင်းပွဲ အခမ်းအနား ပြုလုပ်
Nov 15,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် သီးနှံအာမခံလုပ်ငန်းဆောင်ရွက်ရန် အသိပညာပေး ရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။