မွန်ပြည်နယ်အတွင်း စိုက်ပျိုးရေလုံလောက်စွာရရှိရန် ဆိုလာရေတင်စနစ်နှင့် ရွှေနတ်တောင်ရေလှောင်တမံမှ ရေပေးရေးဆောင်ရွက်
Nov 15,2023
မွန်ပြည်နယ်အတွင်း ဆန်စပါးစိုက်ပျိုးမှုအပါအဝင် ဆီနှင့် အခြားဆီထွက်သီးနှံများအတွက် လိုအပ်သည့် စိုက်ပျိုးရေရရှိနိုင်ရေး နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ပေးလျက်ရှိရာတွင် မော်လမြိုင်မြို့နယ် ရိုးဂိုးကျေးရွာ၌ ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ပေးထားကြောင်း သိရသည်။ မော်လမြိုင်မြို့နယ် ရိုးဂိုးကျေးရွာအတွင်း လက်ရှိအကျိုးပြု လယ်ဧက ၂၀ အတွက် ၁ နာရီ ဂါလန် ၃၀၀ ရေပေးဝေနိုင်မည့် (၅၅၀- W) ဆိုလာပြားများ၊ အင်ဗာတာ၊ မော်တာနှင့် ရေစုပ်ပိုက်၊ ရေထုတ်ပိုက်များအသုံးပြုကာ ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။