သတင်းများ

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မီးသတ်တပ်ဖွဲ့မှ ကလေးသူငယ်များ သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Nov 14,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနမှ ကလေးသူငယ်များ သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအသိပညာပေး(Kaeru Caravan)ဟောပြောပွဲအခမ်းအနားကို အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
မြစ်သားမြို့နယ် မြို့မစျေးအတွင်းရှိ စျေးသူ/စျေးသားများမှ(၄၁)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပ
Nov 14,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြို့မစျေးအတွင်းရှိ စျေးသူ/စျေးသားများမှ (၄၁)ကြိမ်မြောက်စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ယမန်နေ့ ညနေပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် လူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လူငယ်စကားဝိုင်း ကျင်းပ
Nov 14,2023
နိုင်ငံ‌တော်၏ အနာဂတ်တာဝန်များကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြရမည့် ကျောင်းသားကျောင်းသူ လူငယ်လေးများ အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အမှတ်(၅)အခြေခံပညာ အထက်တန်း ကျောင်းခန်းမတွင် ယနေ့နံနက်(၁၀)နာရီက လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နွားထိုးကြီးမြို့နယ် Community Centre ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Nov 14,2023
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး(Community Centre) ခန်းမ၌ ယနေ့နံနက် (၁၀)နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း၍ စာရေးဆရာ ဖေမြင့်၏ တန်ဖိုးထားအပ်သော စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်းသိရသည်။
ကိုယ်ရေးအချက်အလက်များ (Biographic Data)နှင့် ဇီဝအချက်အလက်များ (Biometric Data) စာရင်းများ ကောက်ယူခြင်းဆောင်ရွက်
Nov 14,2023
ကျုံပျော်ခရိုင် ငါးသိုင်းချောင်း မြို့၊ရှေ့ဆောင်ရပ်ကွက်၌ ရေကြည်မြို့နယ် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နေပြည်သူများ၏ နိုင်ငံသားတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက် (Biographic Data)နှင့် ဇီဝအချက်အလက်များ(Biometric Data) ကောက်ယူခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်က ရှေ့ဆောင်ရပ်ကွက်တွင်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။
ကော့သောင်းခရိုင် မီးသတ်ဦးစီးဌာနစာသင်ကျောင်းအခြေပြု မီးဘေးနှင့် သဘာဝဘေးအန္တရာယ် လျှော့ချရေးအသိပညာပေး ဆောင်ရွက်
Nov 14,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် စာသင်ကျောင်းအခြေပြုမီးဘေးနှင့် သဘာဝဘေးအန္တရာယ်လျှော့ချရေးအသိပညာပေး လှုပ်ရှားဆောင်ရွက်မှုကို ယမန်နေ့နံနက် ၉ နာရီအချိန်က ကော့သောင်းခရိုင် မီးသတ်ဦးစီးဌာနမှ အ.ထ.က (ခွဲ)အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အလယ်တန်းအဆင့်ကျောင်းသား/ ကျောင်းသူများအား စာလုံးပေါင်းသတ်ပုံအမှန်ရွေးချယ်ခြင်း ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲပြုလုပ်ပေး
Nov 14,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ တပ်တွင်းအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ရှိ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအားဖိတ်ခေါ်၍ မြန်မာစာရေးသားရာတွင် စာလုံးပေါင်းသတ်ပုံများ မှန်ကန်စွာရေးသားနိုင်မှုကို စမ်းစစ်နိုင်ရေးအတွက်ရည်ရွယ်ကာ စာလုံးပေါင်းသတ်ပုံအမှန်ရွေးချယ်ခြင်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပလောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခြင်းဆောင်ရွက်
Nov 14,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ပလောက်နယ်မြေမီးသတ်စခန်းသို့ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။