တံတားဦးမြို့နယ် အ.ထ.က(ခွဲ) အေးကြည်ကုန်းကျောင်းတွင် လူငယ်ရေးပညာပေး ဟောပြောပွဲ ကျင်းပ

တံတားဦး ဇန်နဝါရီ ၁၅

တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်ရေးရာ ပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက အေးကြည်ကုန်းကျေးရွာ  အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် အေးကြည်ကုန်း အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုဝင်းက အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဘိုမောင်က စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ ပြောကြားရာတွင် ကျောင်းသား/သူများ အနေဖြင့် ပညာကိုကြိုးစားသင်ယူစေလိုကြောင်း၊ ဒါ့အပြင် နိုင်ငံ၏အနာဂတ်များကို ပခုံးပြောင်းတာဝန် ထမ်းဆောင်ကြမည့် ကျောင်းသား/သူများအနေဖြင့် အသိဉာဏ်ပညာဗဟုသုတ ပြည့်စုံပြီး ကာယ ၊ ဉာဏ ၊ စာရိတ္တ ၊ မိတ္တ ၊ ဘောဂ စသည့်ဗလငါးတန်ဘက်စုံ ဖွံ့ဖြိုးတိုးတက်အတွက် ရည်ရွယ်ပြီး ကျင်းပပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မြို့နယ်ဥပဒေရုံးမှ ဥပဒေအရာရှိ ဦးသက်ဖြိုးအောင်က “ လူငယ်နှင့်ဥပဒေ “ခေါင်စဉ်ဖြင့် လည်းကောင်း ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဒေါ်ငယ်သူထွန်းက “ အားစားနှင့် လူငယ် “ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဟောပြောကြပြီး မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အဆိုပါကျောင်းအတွက် အားကစားပစ္စည်းများကို ပေးအပ်လှူဒါန်းရာ ကျောင်းအုပ််ဆရာမကြီးက လက်ခံရယူသည်။ ထို့နောက်အခမ်းအနားသို့ တက်ရောက်လာသူများက မိမိတို့သိရှိလိုသည့် အကြောင်းအရာများကို ဆွေးနွေးမေးမြန်းကြရာ တာဝန်ရှိသူများက အသိးသီးပြန်လည်ဖြေကြားပေးကြသည်။

ဆက်လက်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များနှင့် ပတ်သက်သည့် နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ဆရာ/မများနှင့် ကျောင်သား/သူများက စိတ်ဝင်တစား ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)