နမ့်စန်(တ) ဇန်နဝါရီ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအတွက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဆန်၊ စားအုန်းဆီနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက် ၇ နာရီခွဲက နမ့်စန်-ခိုလမ် ပြည်ထောင်စုလမ်းမကြီးဘေးရှိ မြို့နယ်ခန်းမအတွင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားများနှင့် မိသားစုများက ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို ဧည့်မထ ဆန်တစ်အိတ်လျှင် ၇၀၀၀၀ ကျပ်နှုန်းဖြင့် (၅၀)အိတ်၊ စားအုန်းဆီတစ်ပိဿာလျှင် ၅၅၀၀ ကျပ်နှုန်းဖြင့်(၂၅၀)ပိဿာ ရောင်းချပေးနိုင်ခဲ့ပြီး သား၊ ငါး၊ စည်သွပ်ဗူးအမျိုးမျိုးနှင့် အခြေခံစားသောက်ကုန်များ၊ ဟင်းသီးဟင်းရွက်များကိုလည်း ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စားအုန်းဆီနှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုကို နမ့်စန်တပ်နယ်မှ ဗိုလ်ချုပ်စိုးအောင်၊ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ နမ့်စန်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေး၍ လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)