သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book Club/Youth Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်

သံတောင်ကြီး ဇန်နဝါရီ ၁၇

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူးသိရှိစေရန်၊ လူငယ်လူရွယ်များ အကောင်းအဆိုး အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်၍ Book  Club/Youth Club အဖွဲ့ဝင်များက စာရေးဆရာခင်စောတင့်၏ စွန်းစားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ စာအုပ်အား ယနေ့နံနက် နာရီအချိန်က  Community    Centre ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ နော်လော်မူက စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီး နော်ဂေးဂေ (Book Club)  အဖွဲ့ဝင်မှ စာအုပ်ပါ အကြောင်းအရာဖြစ်သည့်   လမ်းလျှောက်ထွက်ကြမယ်၊ သိုက်မြုံမှခွာသောအခါ၊ လျှို့ဝှက်ဆန်းကြယ်လပြည့်ညဝယ်၊ မျှော်လင့်ချက်၊ စသည့်အကြောင်းအရာများအား စာဖတ်ဝိုင်းဆွေးနွေးဆောင်ရွက်ခဲ့သည်။

ဆက်လက်ပြီး နော်အယ်ဝါး (Youth  Club) အဖွဲ့ဝင်ကလူတန်းစား အလွှာမခြားနားစေရာ၊ ဘာကြောင့်မေ့တာလဲ၊ အချိန်အခါကိုသိပါ၊ နှုတ်ဆက်ခွဲခွာ၊ ရှင်သန်တိုးပွားချစ်ခြင်းတရား၊ စွန်းစားမှုဆီသို့ခြေတစ်လှမ်း စသည့် အကြောင်းအရာများကို  ဖတ်ကြားဆွေးနွေးခဲ့ပြီး  တက်ရောက်လာသည့် Book  Club/ Youth Club  အဖွဲ့ဝင်များက စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

နော်နော်မူ