မိုင်းရယ် ဇန်နဝါရီ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးမောင်မောင်အေး၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဉက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးစိုးမင်းအောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦစိုးနိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ် လယ်/စီ/အင်း ဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် ၉ နာရီတွင် နားခိုကျေးရွာအုပ်စု ကွင်းအမှတ် ၁၇၊ ဦးပိုင် အမှတ် ၄၊ တောင်သူ ဦးအိုက်ကျော်၏ နွေစပါးပန်းတိုင်စံပြကွက် ၁၀ ဧက ပျိုးထောင်ထားရှိမှုအခြေအနေကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်းသိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးက မိုင်းရယ်မြို့နယ်အတွင်း နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ပျိုးထောင်စိုက်ပျိုးနည်းစနစ်မှန်ကန်စေရန်နှင့် စိုက်ပျိုးရေးဝန်ထမ်းများမှ တောင်သူများအတွက် စိုက်ပျိုးရေးနည်းစနစ်များ၊ ဓါတ်မြေဩဇာ နည်းမှန်၊ လမ်းမှန်အသုံးပြုနိုင်ရေးနှင့် အခြားစိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးများ ဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူးနှင့် အဖွဲ့ဝင်များသည် မိုင်းရယ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ရုံးဝင်းအတွင်း စိုက်ပျိုးထားသည့် ယာသီးထပ် ဆောင်းမြေပဲငါးမျိုး မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် တစ်ဧက အောင်မြင်ဖြစ်ထွန်းနေမှုကို ကြည့်ရှုခဲ့ကြသည်။
မိုင်းရယ်မြို့နယ်တွင် စားနပ်ရိက္ခာဖူလုံပိုလျှံရေး နွေစပါးစိုက်ပျိုးထုတ်လုပ်ရန် လျာထား ဧက ၁၁၇ ဧကရှိပြီး ယနေ့အထိ ၁၀၉ ဧက ပျိုးထောင်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သတင်းရရှိသည်။
မိုင်းရယ်(ပြန်/ဆက်)