သာကေတမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

သာကေတ ဇန်နဝါရီ ၁၇

ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က သာကေတမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ စိန်ညီလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများက “ကြိုဆိုပါသည် ဆုံညီပွဲတော်” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီးအခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။

ဆက်လက်ပြီး ခရိုင်ပညာရေးမှူး ဒေါက်တာခင်သူဇာစိန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူးဒေါ်နန်းနုနုကြည်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်၊ နိုင်ငံတကာ စာတက်မြောက်ရေးနေ့အထိမ်းအမှတ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်၊ သဘာဝဘေးအန္တရာယ်လျော့ချရေးနေ့အထိမ်းအမှတ်၊ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပိုစတာပြိုင်ပွဲများ၌ ပထမ၊ ဒုတိယဆုရရှိသည့်ကျောင်းသား၊ ကျောင်းသူများနှင့်မြို့နယ်အဆင့်အင်္ဂလိပ်စာစွမ်းရည်၊ သင်္ချာစွမ်းရည်ပြိုင်ပွဲ၊ အားကစားပြိုင်ပွဲများ၌ ထူးချွန်ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ လူရည်ချွန်ထူးချွန်ဆုများအားလည်းကောင်း၊ (၂၄)ကြိမ်မြောက် မြန်မာ့ယဥ်ကျေးမှုဆိုကရေးတီးပြိုင်ပွဲများ၌ ဆုရရှိသည့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း တာဝန်ရှိသူအသီးသီးမှ ဆုများချီးမြှင့်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက အကအလှများဖြင့် သီဆိုဖျော်ဖြေကာအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရှိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)