ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြည်သူ့ဆေးရုံ၌ ရန်ကုန်အရှေ့ပိုင်းပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသပေး

ဒဂုံအရှေ့ ဇန်နဝါရီ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ပြည်သူ့ဆေးရုံ၌ ရန်ကုန်အရှေ့ပိုင်းပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ နယ်လှည့်ကွင်းဆင်းဆေးကုသပေးခြင်းကို ယမန်နေ့နက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအချိန်ထိ ဆောင်ရွက်ပေးခဲ့သည်။

ထို့သို့ဆေးကုသပေးရာတွင် ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဦးဆောင်သော သမားတော်(အထွေထွေ)၊ ခွဲစိပ်အထူးကုဆရာဝန်၊ သားဖွားနှင့်မီးယပ်အထူးကုဆရာဝန်၊ ကလေးအထူးကုဆရာဝန်၊ သွားဘက်ဆိုင်ရာဆရာဝန်၊ မျက်စိကုသရေးအဖွဲ့၊ အရိုးအဆစ်ပြန်လည်သန်စွမ်းရေးအဖွဲ့များမှ ရပ်ကွက်နေပြည်သူများအား ကျန်းမာရေးဆိုင်ရာ ကွင်းဆင်းဆေးကုသပေးခဲ့ရာ စုစုပေါင်းလူနာ(၂၅၅)ဦး လာရောက်ပြသဆေးကုသမှုခံယူခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လိုအပ်သည်များကိုဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇွဲမင်းထက်(ပြန်/ဆက်)