စမ်းချောင်းမြို့နယ်တွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

စမ်းချောင်း ဇန်နဝါရီ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၌ ​မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ညနေ (၃) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘဝင်းက ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် လုပ်ငန်းစဥ် () ရပ်နှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုံခြုံရေးအထူးဂရုပြုဆောင်ရွက်ရန် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး (pfizer) ထပ်ဆောင်းထိုးနှံရန်နှင့် လူကုန်ကူး၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ယာဥ်အန္တရယ်၊ လမ်းအန္တရာယ် အသိပညာပေး လုပ်ငန်းများဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ပြီး၊ မြို့နယ်လဝကဦးစီးမှူး ဦးဇော်မင်းသိန်းက ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး ဆောင်ရွက်​ရမည့်လုပ်ငန်းများနှင့်ပတ်သတ်၍ အသးစိတ်ချပြရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မိမိတို့ဆောင်ရွက်နေသည့် လုပ်ငန်းများအား အသီးသီးဆွေးနွေးပြောကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဖြူသွယ်ထွန်း