နတ်တလင်း ဇန်နဝါရီ ၁၇
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို အ.ထ.က(နတ်တလင်း)ကျောင်း၌ ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျောင်းဝန်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ နတ်တလင်းခရိုင်ပညာရေးမှူး ဒေါ်အေးအေးစန်း၊ ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စန်းစန်းဌေး၊ အ.ထ.က(နတ်တလင်း)ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်လွင်ကျော် သာဇီရပ်ကွက် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်း၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင် ဦးငြိမ်းချမ်းချိုတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး Grade-6 နှင့် Grade-7 မှ ကျောင်းသား၊ ကျောင်းသူများက မိုးလုံးမှိုင်း သီချင်းခေါင်စဉ်ဖြင့် တေးသရုပ်ဖော်ကပြဖျော်ဖြေခဲ့ကြသည်။
ထို့နောက် သာဇီရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းက အဖွင့်အမှာစကားပြောကြားပြီး အ.ထ.က(နတ်တလင်း)ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်လွင်ကျော်က ပညာရေးစုံညီပွဲတော်ဖြစ်ပေါ်လာပုံနှင့် ရည်ရွယ်ချက်တို့အား ရှင်းလင်းပြောကြားပြီး ဆုရကျောင်းသား၊ ကျောင်းသူများအား ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်စန်းစန်းဌေး၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်လွင်ကျော် ၊ သာဇီရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌစောထွန်း၊ ဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးဆောင်အဖွဲ့ဝင်များမှ အသီးသီးဆုချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)