ပုဇွန်တောင်မြို့နယ်တွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ပုဇွန်တောင် ဇန်နဝါရီ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို    မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်က လုံခြုံရေးအထူးဂရုပြုဆောင်ရွက်ရန်၊ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် လုပ်ငန်းစဥ် (၄)ရပ်နှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လူကုန်ကူး၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ် အသိပညာပေးလုပ်ငန်းများဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးအောင်ကျော်လွင်မှ လုံခြုံရေးမပေါ့ဆရန်လည်းကောင်း၊  မြို့နယ်လဝကဦးစီးမှူးဦးရဲအောင်က ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးဆောင်ရွက်ရမည့်လုပ်ငန်းများနှင့်ပတ်သတ်၍လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မိမိတို့ ဆောင်ရွက်နေသည့်လုပ်ငန်းများအား အသီးသီးဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ဟန်စုယဉ်