သတင်းများ

ရွှေတောင်မြို့နယ်တွင် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လစဥ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jan 17,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းမျာ လစဥ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၄၀) အခြေခံပညာမူလတန်းလွန်ကျောင်း(လက်ပံခါးလှ)တွင် ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 17,2024
ဇမ္ဗူသီရိမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အမှတ် (၁၄၀) အခြေခံပညာမူလတန်းလွန်ကျောင်း (လက်ပံခါးလှ)တွင် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာကျင်းပရာ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်ဝင်း၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ တက်ရောက်ခဲ့ကြသည်။
မိုဝိုင်းလွတ်မြို့၌ နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကျင်းပ
Jan 17,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မိုဝိုင်းလွတ်မြို့၌ ၂၀၂၄ခုနှစ် မြို့နယ်အဆင့် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီ ၁၅ ရက်နေ့ နံနက် (၉) နာရီအချိန်က နာဂရိုးရာအားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
ဥတ္တရသီရိမြို့နယ် ငန်းစပ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 17,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီမြို့နယ်၊ ဇလောင်းကျေးရွာအုပ်စု၊ ငန်းစပ်ကျေးရွာအခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါကျောင်းတွင် ယာယီမဏ္ဍပ်ဖြင့် ကျင်းပခဲ့သည်။
ရွှေကျင်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ
Jan 17,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ဂန့်ဂေါ်ဝိုင်းရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း (ရွှေကျင်) ပညာရတနာခန်းမတွင် မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မုဒုံမြို့၌ စားဖိုဆောင်သီးနှံ ပန်းဂေါ်ဖီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Jan 17,2024
မွန်ပြည်နယ် မုဒုံမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားသည့် ပန်းဂေါ်ဖီစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။
လင်းခေးတွင် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် သောင်းကျန်းသူများ၊ သာသနာဖျက်မိစ္ဆာများအား ရှုတ်ချကန့်ကွက်ဆန္ဒဖော်ထုတ်သည့်အခမ်းအနား ကျင်းပ
Jan 17,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့နယ်တွင် ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ စေတီပုထိုးများ၊ ဗုဒ္ဓဆင်းတုတော်များအား ဖျက်ဆီးစော်ကားနေသည့် အကြမ်းဖက်သောင်းကျန်းသူများ၊ သာသနာဖျက်မိစ္ဆာများအား ရှုတ်ချကန့်ကွက်သည့် ဆန္ဒထုတ်ဖော်ပွဲကို ယမန်နေ့နံနက် ၈ နာရီက မြို့နယ်ပြည်ငြိမ်းအေးအားကစားကွင်း၌ ကျင်းပခဲ့သည်။
ညောင်ဦးမြို့နယ် ပုဂံမြို့ထွန်းတောက်နေ ကိုယ်ပိုင်အထက်တန်းကျောင်း၌ လူငယ်များ ဗလငါးတန်ပြည့်ဝစေရန်အတွက် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Jan 17,2024
လူငယ်လူရွယ်များ အနာဂတ်၏ အဖိုးတန်လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည်နှင့်အညီ လူငယ်များ ဗလငါးတန်နှင့်ပြည့်ဝစေရေးအတွက် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ညောင်ဦးမြို့နယ် ပုဂံမြို့ ထွန်းတောက်နေကိုယ်ပိုင်အထက်တန်းကျောင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ထွန်းတောက်နေကိုယ်ပိုင်အထက်တန်းကျောင်းနှင့် ခရိုင်စားသုံးသူရေးရာတို့ ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန်က စုပေါင်းခန်းမတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။