သတင်းများ

ဝေါမြို့နယ်တွင် အသက်(၅၀)နှစ်နှင့်အထက် နိုင်ငံ့ဝန်ထမ်းများအား pfizer(30)ကိုဗစ်-၁၉ရောဂါထပ်ဆောင်းကာကွယ်ဆေးထိုးနှံ
Jan 17,2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ဝေါမြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနက အသက်(၅၀)နှစ်နှင့်အထက် နိုင်ငံ့ဝန်ထမ်းများအား pfizer (30)ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စတင်ထိုးနှံပေးခဲ့သည်။
မိုင်းပန်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၏ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ
Jan 17,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲကို အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် ၁၁ နာရီအချိန်က ကျင်းပခဲ့သည်။
တောင်ကြီးမြို့ ပြန်ကြားနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ ဖွင့်လှစ်သည့် လျှပ်စစ်နှင့် စက်ချုပ်သင်တန်းဆင်းပွဲ ကျင်းပ  
Jan 17,2024
ရှမ်းပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် ညောင်ရွှေသက်မွေးပညာသင်တန်းကျောင်းတို့ ပူပေါင်းဖွင့််လှစ်သည့် လျှပ်စစ်နှင့်စက်ချုပ်သင်တန်းဆင်းပွဲကို ယနေ့နံနက် (၁၁)နာရီက တောင်ကြီးမြို့ ပြန်ကြားနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပသည်။
ချောင်းဆုံမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံ(ဆီထွက်သီးနှံ)စိုက်ပျိုးရာသီ၌ လျာထားစိုက်ဧကထက် ကျော်လွန်စွာစိုက်ပျိုးနိုင်ပြီး အောင်မြင်ဖြစ်ထွန်း
Jan 17,2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၌ ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးရှေးရှုပြီး ဆောင်းသီးနှံစိုက်ပျိုးသည့်တောင်သူများ သီးနှံအထွက်တိုးဝင်ငွေတိုးပွားစေရန်နှင့် စားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် ဆီထွက်သီးနှံ နေကြာစိုက်ဧက(၃၂၇၂)ဧက၊ မြေပဲ(၁၁၉)ဧကနှင့် နှမ်း(၂၅)ဧက စုစုပေါင်းဆောင်းသီးနှံ (၃၄၁၆)ဧက စိုက်ပျိုးပြီးစီးပြီး လျာထားဧကထက် ကျော်လွန်စွာစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
တောင်သာမြို့နယ်တွင် VDP စီမံကိန်းဖြင့်မြေသားရေကန် ပြန်လည်ပြုပြင်
Jan 17,2024
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဇန်နဝါရီလ ၁၅ ရက်နေ့က တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သရက်ခရိုင် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jan 17,2024
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ခရိုင်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်းကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက်(၁၀)နာရီက ကျင်းပခဲ့သည်။
ပေါက်ခေါင်းမြို့ စည်ပင်သာယာ‌ဈေးကြီး မီးဘေးလုံခြုံ‌ရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စစ်‌ဆေးဆောင်ရွက်
Jan 17,2024
ပူပြင်းခြောက်သွေ့သော နွေရာသီအချိန်ကာလသို့ ရောက်ရှိပါသောကြောင့် ပြည်သူများ၏ နေအိမ်အဆောက်အဦများ၊ ဈေးဆိုင်များနှင့် သာသနိကအဆောက်အဦများ မီးဘေးအန္တရာယ်မဖြစ်ပွါးစေရေးအတွက် ပေါက်ခေါင်းမြို့နယ် မီးသတ်ဦးစီးဌာနဝန်ထမ်းများအဖွဲ့က ကြိုတင်စစ်ဆေးဆောင်ရွက်လျက်ရှိရာ ယမန်နေ့က မြို့မစည်ပင်သာယာ‌ဈေးကြီးအတွင်း၊ အပြင်ရှိဈေးဆိုင်များအား စစ်ဆေးပြီး ဈေးဆိုင်ခန်းပိုင်ရှင်များအား မီးဘေးအန္တရာယ်အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။
သဲကုန်းမြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Jan 17,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့မွန်းတည့်(၁၂)နာရီအချိန်က ကျင်းပ​ပြုလုပ်ခဲ့သည်။