သတင်းများ

မိုးကုတ်မြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ရှေးဦးပြုစုခြင်းအကြောင်း သိကောင်းစရာ၊ အန္တရာယ်ဖြစ်နိုင်ခြေ သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူနေထိုက်ခြင်း အသိပညာပေးဟောပြောပွဲပြုလုပ်
Jan 17,2024
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့က မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ရှေးဦးပြုစုခြင်းအကြောင်း သိကောင်းစရာနှင့် အန္တရာယ်ဖြစ်နိုင်ခြေ သိရှိသတိပြုခြင်းနှင့် ဘေးကင်းစွာပြုမူနေထိုင်ခြင်း အသိပညာပေး ဟောပြောပွဲအား ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင်ခရိုင်အတွင်း Pfizer Covid -19​ ကာကွယ်ဆေးထပ်ဆောင်းထိုးနှံ
Jan 17,2024
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် Pfizer Covid-19 ကာကွယ်ဆေးထပ်ဆောင်းထိုးနှံခြင်းကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ခုတင်(၃၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးစုရပ်၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မုဒုံမြို့၌ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (Pfizer) ထပ်ဆောင်းထိုးနှံ
Jan 17,2024
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများပူးပေါင်းကာ ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံကြီးရှိ ပြင်ပလူနာဆောင်၌ ကိုဗစ်-၁၉ ရောဂါ ကွယ်ဆေးများ ထပ်ဆောင်းထိုးနှံပေးသည်။
နတ်တလင်းမြို့နယ်တွင် လေဘေးသင့်အမိုးလန်နေအိမ်(၁၂၆)လုံးနှင့် ပြိုလဲ‌နေအိမ်(၁၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေပေးအပ်
Jan 17,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် သာယာဝတီခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့်အမိုးလန်နေအိမ်(၁၂၆)လုံးနှင့် ပြိုလဲ‌နေအိမ်(၁၁)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နေ့လယ် ၁၂ နာရီက နတ်တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ လေဘေးသင့်အိမ်ထောင်စုများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
သပိတ်ကျင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင်  စာဖတ်ဝိုင်းပြုလုပ်
Jan 17,2024
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ဝန်ထမ်းများစာဖတ်ရှိန်မြင့်မားရေးအတွက် စာရေးဆရာချစ်နိုင်(စိတ် ပညာ)ရေးသားသည့် "စာကောင်းပေကောင်းရဲ့အရသာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး တောင်ကြီးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
Jan 17,2024
မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖွင့်ပွဲကို ယနေ့နံနက်(၉)နာရီက တောင်ကြီးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ဒေါ်ခင်သိန်းခန်းမ၌ ကျင်းပသည်။
ပြင်ဦးလွင်မြို့ အ.ထ.ကခွဲ (နောင်လှိုင်) ကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Jan 17,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ နောင်လှိုင်ကျေးရွာအုပ်စုရှိ အ.ထ.ကခွဲ(နောင်လှိုင်) ကျောင်းတွင်ကျင်းပရာ
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး အဆောက်အဦးမှတ်တမ်းတင်ခြင်း လုပ်ငန်းစတင်ဆောင်ရွက်
Jan 17,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၄ခုနှစ်၊ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် အဆောက်အဦးမှတ်တမ်းတင်ခြင်းလုပ်ငန်းအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများမှ ယမန်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ ဆိပ်ကြီးအနောက်ရပ်ကွက်မှ စတင်ဆောင်ရွက်လျက်ရှိသည်။