ကွန်ဟိန်း ဇန်နဝါရီ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်၊ ဝမ်ပန်ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ(ဝမ်ပန်)တွင် ပညာရေးစုံညီပွဲတော်နှင့် ဆုနှင်းသဘင်အခမ်းအနားကို ယနေ့နံနက် (၉)နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို အခြေခံပညာအလယ်တန်းကျောင်းခွဲ (ဝမ်ပန်)မှ ကျောင်းသား၊ ကျောင်းသူလေးများက "အာစရိယဂုဏော အနန္တော" သီချင်းဖြင့် သီဆို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်နန်းဖြူဆိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဝမ်ပန်ကျေးရွာ ကျောင်းကော်မတီနာယက ဦးကောဝိတက အမှာစကားပြောကြားကာ အ.လ.က ခွဲ(ဝမ်ပန်) ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဆိုင်ဟွမ်မှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုနှင့် ကာယ၊ ဉာဏဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြသည်။
ဆက်လက်၍ ကျောင်းသား/ ကျောင်းသူများက တေးသီချင်း သရုပ်ဖော်များ၊ အကအလှများဖြင့် ဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)