ပြင်ဦးလွင် ဇန်နဝါရီ ၁၆
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီက မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ နောင်လှိုင်ကျေးရွာအုပ်စုရှိ အ.ထ.ကခွဲ(နောင်လှိုင်) ကျောင်းတွင်ကျင်းပရာ ရှေးဦးစွာ အ.ထ.ကခွဲ.(နောင်လှိုင်)မှ ကျောင်းအုပ်ဆရာကြီး ဦးမျိုးသက်က အဖွင့်အမှာစကားပြောကြားပြီး ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ထို့နောက် ရွှေလှေကားစာပေ၊ ဂီတ၊ အထွေထွေဗဟုသုတ ပြန့်ပွါးရေးကွန်ရက်မှ ဦးအောင်သူက တန်ဖိုးထားသင့်သောအရာများ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ကိုရွှေအောင်သင်းက အနာဂတ်ကိုပိုင်စိုးမည့်သူများခေါင်းစဉ်ဖြင့်လည်းကောင်း လူငယ်များအသိပညာဗဟုသုတ တိုးပွါးရရှိစေရေးဆိုင်ရာ အကြောင်းအရာများ အသီးသီးဟောပြောဆွေးနွေးသည်။
ဆက်လက်၍စာရေးဆရာ ကိုရွှေအောင်သင်းက အ.ထ.ကခွဲ(နောင်လှိုင်) ကျောင်းစာကြည့်တိုက်အတွက် သုတ/ရသစာအုပ်များပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာကြီး ဦးမျိုးသက်က လက်ခံရယူပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ် စာစောင်များနှင့် သုတရသစာအုပ်များအား အ.ထ.ကခွဲ (နောင်လှိုင်) ကျောင်းမှ ကျောင်းသား/သူများက စိတ်ဝင်တစား လေ့လာကြည့်ရှုမှတ်သား လေ့လာခဲ့ကြကြောင်း သိရသည်။
အဆိုပါ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စာရေးဆရာကိုရွှေအောင်သင်းနှင့် ရွှေလှေကား စာပေ၊ ဂီတ၊ အထွေထွေဗဟုသုတ ပြန့်ပွါးရေးကွန်ရက်မှ ဦးအောင်သူ၊ အ.ထ.ကခွဲ(နောင်လှိုင်)မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၁၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ဖြူလူသစ် ခရိုင်(ပြန်/ဆက်)