သတင်းများ

မြင်းမူမြို့ပြည်သူ့စာကြည့်တိုက်တွင် စာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲ ကျင်းပပြုလုပ်
Nov 17,2023
စာဖတ်သူတိုးပွားရေးနှင့် စာဖတ်ရှုသူအချင်းချင်း တွေ့ဆုံကာ စာပေအသိခြင်း ဖလှယ်ရန်အတွက် စုပေါင်းစာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲကို စစ်ကိုင်းခရိုင်၊ မြင်းမူမြို့ ပြည်သူ့စာကြည်တိုက်တွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
မိုင်းယန်းမြို့၌ “လူငယ်ရေးရာ” နယ်လှည့်ဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြသ
Nov 17,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် စာရိတ္တကောင်းမွန်စေရန်ရည်ရွယ်၍ “လူငယ်ရေးရာ” ဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များပြသခြင်းကို ယနေ့နံနက် ၉ နာရီက ဈေးတန်းရပ်ကွက်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
တိုင်းရင်းသားအခွင့်အရေးဆိုင်ရာများ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကြောင်း လိုအပ်ချက်များ ဆန်းစစ်ခြင်းနှင့် ဗလငါးတန် ဖွံ့ဖြိုးရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Nov 17,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် တိုင်းရာသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် တိုင်းရင်းသားအခွင့်အရေးများဆိုင်ရာ အသိပညာပေး ဟောပြောခြင်း၊ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကြောင်း လိုအပ်ချက်များ ဆန်းစစ်ခြင်းနှင့် ဗလငါးတန် ဖွံ့ဖြိုးရေးအတွက် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က ကြာအင်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ညောင်ဦးမြို့နယ်၊ ကျေးလက်တောင်သူများ စိုက်ပျိုးထားသည့်ဆောင်းနှမ်းများ အသီး သီးနှုန်းကောင်းမွန်ကာ အထွက်နှုန်းကောင်းရန် သေချာသလောက်ဖြစ်နေ
Nov 17,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကျေးလက်တောင်သူများ ကြဲပက်စိုက်ပျိုးထားသည့် ဆောင်းနှမ်းများ အသီးသီးနှုန်း ကောင်းခြင်းနှင့်အတူ အပွင့်များသိမ်းချိန် မိုးရွာသွန်းမှုကြောင့် ဆောင်းနှမ်းများ အထွက်နှုန်းကောင်းရန် သေချာသလောက် ရှိနေပြီဖြစ်ကြောင်း ဆောင်းနှမ်းစိုက်ပျိုးတောင်သူများထံက သိရသည်။
မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ အပြည်ပြည်ဆိုင်ရာ လူမှုကူညီထောက်ပံ့ရေးအဖွဲ့မှ ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံမေးမြန်းဆွေးနွေးပွဲကျင်းပ
Nov 17,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် အပြည်ပြည်ဆိုင်ရာ လူမှုကူညီထောက်ပံ့ရေးအဖွဲ့၊ ဒေါက်တာသက်စုအောင် ဦးဆောင်သော အလှူရှင်အဖွဲ့မှ ယမန်နေ့ နေ့လည်၁နာရီအချိန်က ပညာရတနာကျောင်းခန်းမ၌ မိမိတို့ကျောင်းတွင်​ ရေကောင်း​ရေသန့် အသုံးပြုနိုင်​ရေး၊ ကျောင်းသား/ ကျောင်းသူများ တစ်ကိုယ်ရည် သန့်ရှင်းရေးနှင့် အမှိုက်များစနစ်တကျစွန့်ပစ်ခြင်း စသည့် အချက်အလက်များကို ကျောင်းအုပ်ဆရာမကြီး  ဒေါ်နန်းခမ်းဖောင်းနှင့် ဆရာမများအားမေးမြန်းဆွေးနွေးပြီးနောက် အခမ်းအနားတက်ရောက်ကြသည့် ကျောင်းသား/ကျောင်းသူတစ်ဦးချင်းအား တွေ့ဆုံမေးမြန်းဆွေးနွေးခဲ့ကြောင်းသိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ စီမံကိန်းရေးဆွဲရေး အကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁၀/၂၀၂၃) ကျင်းပ
Nov 17,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် စီမံကိန်းရေးဆွဲရေး အကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁၀/၂၀၂၃)ကို နိုဝင်ဘာ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီက ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် (၃၇)ရပ်ကွက်၊ ပင်လုံလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တံတားမြို့တွင် ကျောင်းသားကျောင်းသူများ အသိပညာပြန့်ပွားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Nov 17,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီအချိန်က တံတားမြို့၊ အ.မ.က (မူလွန်)ကျောင်းသို့ သွားရောက်၍ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ပင်လုံမြို့၌ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်း ဆောင်ရွက်
Nov 17,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းခြင်းကို ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉:၃၀)နာရီအချိန်က ပင်လုံမြို့ မြန်မာ့စာတိုက်လုပ်ငန်းသို့ သွားရောက်ဆောင်ရွက်ပေးခဲ့ပါသည်။