သပိတ်ကျင်း ဇန်နဝါရီ ၁၇
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ဝန်ထမ်းများစာဖတ်ရှိန်မြင့်မားရေးအတွက် စာရေးဆရာချစ်နိုင်(စိတ် ပညာ)ရေးသားသည့် "စာကောင်းပေကောင်းရဲ့အရသာ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဆီ ကစာဖတ်ဝိုင်းဆွေးနွေးခြင်းဖြင့် စာပေဖတ်ရှုခြင်းကြောင့် အသိပညာ ဗဟုသုတများတိုးပွားစေခြင်း၊ စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများရရှိလာပြီး တစ်ဦး နှင့်တစ်ဦးအတွေးခေါ် အယူအဆများကို ဖလှယ်နှီးနှောနိုင်စေခြင်းနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိ ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထိုနောက်စာပေဆွေးနွေးပွဲသို့တက်ရောက်လာသည့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အငယ်တန်းစာရေး ဒေါ်ယဥ်နီလာအေး က "စာကောင်းပေကောင်းရဲ့အရသာ" စာအုပ်မှ သုတနှင့်မုတအတွေ့အကြုံခေါင်းစဥ်ဖြင့် စာပေသင်ကြားဖတ်ရှုခြင်းသည် သုတအတွေ့ အကြုံကိုရရှိစေပြီး လက်တွေ့အတွေ့အကြုံကို မုတအတွေ့အကြုံဟုခေါ်ဆိုကြောင်း၊ ဗဟုသုတများခြင်းသည် အသိအမြင်ကြွယ်ဝစေပြီး များပြားလှသောအသိပညာ ဗဟုသုတများကို စာပေလေ့လာဖတ်ရှုခြင်းဖြင့် ရရှိနိုင်ကာ အသိအမြင်သုတကို လက်တွေ့အတွေ့အကြုံ မုတနှင့်ပေါင်းစပ်ခြင်းဖြင့်အောင်မြင်မှုကို အကောင်အထည်ဖော်ဆိုနိုင်ကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့ပြီး ဝန်ထမ်းများမှ စာရေးသူရေးသားသည့် အကြောင်းအရာပါ အချက်အလက်များအား ပြန်လည်ဆွေးနွေးခဲ့ကြသည်။
သပိတ်ကျင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် လစဉ်စာဖတ်ဝိုင်းများ ဆွေးနွေးပွဲစကားဝိုင်းများကျင်းပ၍ လူငယ်လူရွယ်များပြည်သူ့စာကြည့်တိုက်ကို ရင်းနှီးကျွမ်းဝင်စွာအသုံးပြုလာတတ်စေရန် အသိပညာဗဟုသုတ ပြန့်ပွားစေရန်နှင့် စာပေဖတ်ရှု မျှဝေဆွေးနွေးခြင်းဖြင့် စာဖတ်လိုစိတ်များတိုးပွားလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ကျင်းပဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)