နတ်တလင်းမြို့နယ်တွင် လေဘေးသင့်အမိုးလန်နေအိမ်(၁၂၆)လုံးနှင့် ပြိုလဲ‌နေအိမ်(၁၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေပေးအပ်

နတ်တလင်း   ဇန်နဝါရီ   ၁၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် သာယာဝတီခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့်အမိုးလန်နေအိမ်(၁၂၆)လုံးနှင့် ပြိုလဲ‌နေအိမ်(၁၁)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့ နေ့လယ် ၁၂ နာရီက နတ်တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ လေဘေးသင့်အိမ်ထောင်စုများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါထောက်ပံ့ခြင်းကို သာယာဝတီခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမာနှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒေါ်ခင်ငြိမ်းချမ်းဝေနှင့်ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးများပူးပေါင်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု(၈)အုပ်စု၊ ရပ်ကွက်(၁)ရပ်ကွက်တို့မှ အမိုးလန်နေအိမ်(၁၂၆)လုံး၊ ပြိုလဲနေအိမ်(၁၁)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၇၄၀၀၀၀ဝ)ကျပ်၊ အိမ်ထောင်စု(၁၃၇)စုရှိ လူဦးရေ(၄၄၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၉၃၄၅၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၈၃၃၄၅၀၀)ကျပ်နှင့် ကယ်ဆယ်‌ရေးပစ္စည်း(၁၆)မျိုးပါ ပလက်စတစ်ပုံး(၁၁)ပုံးကို လေဘေးသင့်အိမ်ထောင်စုများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)