ဆိပ်ကြီးခနောင်တိုမြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး အဆောက်အဦးမှတ်တမ်းတင်ခြင်း လုပ်ငန်းစတင်ဆောင်ရွက်

ဆိပ်ကြီးခနောင်တို ဇန်နဝါရီ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ၂၀၂၄ခုနှစ်၊ သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် အဆောက်အဦးမှတ်တမ်းတင်ခြင်းလုပ်ငန်းအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများမှ ယမန်နေ့ နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ ဆိပ်ကြီးအနောက်ရပ်ကွက်မှ စတင်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့် အဖွဲ့ဝင်များက ကြီးကြပ်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် CU-001တွင် စာရင်းရေးသွင်းနိုင်ရေး ဆိပ်ကြီးအနောက်ရပ်ကွက်၊ ဗဟိုလမ်းမှစ၍ လူနေ/လူမနေ အဆောက်အဦးများအား Mobile Tablet အသုံးပြု၍ မှတ်တမ်းတင် ကောက်ယူခြင်းအား စတင်ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် လူနေအဆောက်အဦး ၂၄ လုံးနှင့် လူမနေအဆောက်အဦး ၆လုံး စုစုပေါင်း အဆောက်အဦး ၃၀ တို့အား မှတ်တမ်းတင်ကောက်ယူခဲ့ကြောင်း သိရသည်။

ဝေယံ (ပြန်/ဆက်)