ပြင်ဦးလွင်ခရိုင်အတွင်း Pfizer Covid -19​ ကာကွယ်ဆေးထပ်ဆောင်းထိုးနှံ

ပြင်ဦးလွင် ဇန်နဝါရီ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်တွင် Pfizer Covid-19 ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းကို ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ ခုတင်(၃၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးစုရပ်၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ Pfizer Covid -19 ကာကွယ်ဆေးထပ်ဆောင်းထိုးနှံခြင်းကိုဆောင်ရွက်ရာတွင် ယမန်နေ့က ကျန်းမာရေး ဝန်ထမ်းများအား စတင်းထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထပ်ဆောင်းထိုးနှံမှုများအား မန္တလေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းနိုင်မှ လာရောက်ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ အသက် ၅၀ နှစ်နှင့်အထက် နိုင်ငံ့ဝန်ထမ်းများနှင့် အသက် ၆၅ နှစ်နှင့်အထက် ပြည်သူလူထုတို့အား Pfizer Covid - 19 ကာကွယ်ဆေးထပ်ဆောင်းထိုးနှံခြင်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ဖြူလူသစ် (ခရိုင်/ပြန်ဆက်)