မုဒုံ ဇန်နဝါရီ ၁၇
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများပူးပေါင်းကာ ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံကြီးရှိ ပြင်ပလူနာဆောင်၌ ကိုဗစ်-၁၉ ရောဂါ ကွယ်ဆေးများ ထပ်ဆောင်းထိုးနှံပေးသည်။
ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးနိုင် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက (Pfizer) အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို မြို့နယ်အတွင်းရှိ အသက်(၅၀)နှစ်နှင့်အထက် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူများအား ကာကွယ်ဆေးထိုးနှံရေး လမ်းညွှန်ချက်များနှင့်အညီ ထပ်ဆောင်းထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးများကို ဇန်နဝါရီ ၁၅ ရက်နေ့မှစတင်၍ အသက် (၅၀)နှစ်နှင့် အထက် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း (၃၇၄)ဦးတို့အား ထိုးနှံပေးခဲ့ပြီး မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူတို့က လိုအပ်သည်များကို ပူးပေါင်းပံ့ပိုး ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)