သတင်းများ

တွံတေးမြို့နယ် ပျော်ဘွယ်လေးကျေးရွာ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
Jan 19,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ပျော်ဘွယ်လေးကျေးရွာအုပ်စု၊ ပျော်ဘွယ်လေးကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်အတွက်ရည်ရွယ်၍ တွံတေးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အခြေခံပညာရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနှင့်မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန်က လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အခြေခံပညာမူလတန်းလွန်ကျာင်းရှေ့ကွင်းပြင်၌ ကျင်းပပြုလုပ်ခဲ့ကြာင်း သိရသည်။    
ခရမ်းမြို့နယ် အမှတ်(၆)အခြေခံပညာမူလတန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်နှင့် စာအုပ်ပြပွဲပြုလုပ်
Jan 19,2024
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်အမှတ်(၆) အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှုလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က ခရမ်းမြို့အမှတ်(၆) အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြသပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။
ခရမ်းမြို့နယ်၊ ခမတ်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ (ဆီထွက်သီးနှံ)  ချေးငွေထုတ်ချေးပေး
Jan 19,2024
ရန်ကုန်တိုင်းဒေသကြီး‌၊ ခရမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက၊ ခမတ်ကျေးရွာ‌ဘုန်းတော်ကြီး‌ကျောင်းတွင် မြေပဲနှင့်နေကြာစိုက်ပျိုးရန်အတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်း(ဆီထွက်သီးနှံ)ချေးငွေအား ယမန်နေ့ညနေ ၃ နာရီက ထုတ်ချေးပေးခဲ့ကြောင်း သိရှိရသည်။
ရွေ့လျားစာကြည့်တိုက်ယာဥ်ဖြင့် စာအုပ်စာစောင်များသန်လျင်၌ ကွင်းဆင်းဆောင်ရွက်ပေး
Jan 19,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်တောင်ပိုင်းခရိုင်ရုံး(သန်လျင်)မှ ရွေ့လျားစာကြည့်တိုက်ယာဥ်ဖြင့် သန်လျင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာရုံးများ၊ သင်တန်းကျောင်းများသို့ စာအုပ်စာစောင်များ ကွင်းဆင်းငှားရမ်းခြင်းများဆောင်ရွက်ပေးခဲ့သည်။
အလုံမြို့နယ်၌ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေးအစီအစဥ် (Kaeru Caravan)ဆောင်ရွက်
Jan 19,2024
ကျောင်းသား၊ လူငယ်များအနေဖြင့်  သဘာဘေးအန္တရာယ်များနှင့် ရင်ဆိုင်ကြုံတွေ့လာပါက ဆောင်ရန်၊ ရှောင်ရန်များကို သိရှိရှောင်ရှားနိုင်ရန်အတွက်ရည်ရွယ်ကာ ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနမှ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအသိပညာပေး(Kaeru Caravan)နှင့် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးအစီအစဉ်ကို ယနေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ်၊ လူထုအခြေပြုဗဟိုပြုဌာန(Community Centre)၌ "အမှားကြာတော့". ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကျင်းပ
Jan 19,2024
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယနေ့နံနက် ၁၀ နာရီက စာပေချစ်မြတ်နိုးသူများ အချင်းချင်းရင်းနှီးကျွမ်းဝင်မှုရရှိပြီး စာပေမှတစ်ဆင့် အသိပညာဗဟုသုတများရရှိလာစေရန်ရည်ရွယ်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း Book Club နှင့် စာ‌ရေးဆရာကျော်ဇင်ဝင်း(မရမ်းကုန်း) ရေးသားထား‌သည့် “အမှားကြာတော့" ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ခဲ့သည်။
ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကွန်ပျူတာ အ‌ခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်
Jan 19,2024
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကူညီ‌ထောက်ပံ့မှု၊ ခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
မိုးကောင်းမြို့ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အ.ထ.က(၁)ကျောင်း၌ ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 19,2024
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် အ.ထ.က(၁)ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီ(၁၈)ရက် နံနက်(၉)နာရီတွင် ကျင်းပခဲ့သည်။