မိုင်းနောင် ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများသည် အခြေခံပညာမူလတန်းကျောင်း(နောင်အယ်)သို့ Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်ငှားရမ်းခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က သွားရောက်ငှားရမ်းပေးလျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး စာကြည့်တိုက်သို့ စာအုပ်၊စာစောင်များ လာရောက်ငှားရမ်းနိုင်ခြင်းမရှိသော ကျေးရွာများရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အလွယ်တကူစာပေဖတ်ရှုလေ့လာနိုင်ရန်နှင့် ကျောင်းစာများအပြင် ပြင်ပစာပေများမှ အသိပညာဗဟုသုတများရရှိ၍ အဖက် ဖက်မှ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စီစဥ်ဆောင်ရွက်ပေးကြောင်း သိရှိရသည်။
ဌာနဆိုင်ရာရုံးများ၊ ဘုန်းတော်ကြီးကျောင်းများသို့ စာအုပ်၊ စာစောင်များ ပုံမှန်သွားရောက်ငှားရမ်းပေးလျက်ရှိရာ ယခုလအတွင်း အခြေခံပညာအလယ်တန်းကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်းများသို့ သွားရောက်ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရှိရသည်။
မနန်း(မိုင်းနောင်)