သတင်းများ

ပခုက္ကူမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲ ကျင်းပ
Nov 17,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုအထိမ်းမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်သည်။
မိုးကောင်းမြို့ အ.လ.က-သူဌေးကုန်းကျောင်း၌ ကြက်ခြေနီရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဖွင့်လှစ်သင်ကြား ပို့ချ
Nov 17,2023
ကျောင်းသား၊ ကျောင်းသူများ အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်တတ်ခြင်းဖြင့် သဘာဝဘေးအန္တရာယ်များနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို ကယ်တင်နိုင်သည့် ရှေးဦးပြုစုခြင်း အခြေခံပညာရပ်ကို ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုကောင်းမြို့နယ် အ.လ.က-သူဌေးကုန်းကျောင်း၌ ယမန်နေ့ နံနက်(၉)နာရီတွင် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ပုဗ္ဗသီရိမြို့နယ် အေးမြင့်သာယာအုပ်စု၊ ဝက်ကုန်းကျေးရွာတွင် ဇီဝဆိုင်ရာအချက်အလက်များကောက်ယူခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Nov 17,2023
ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာအုပ်စု၊ ဝက်ကုန်းကျေးရွာ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ဦးစီးမှူးရုံးမှ လဝကတိုက်နယ်တာဝန်ခံ ထန်ခုတ်မှုန်ပါ ၅ ဦးတို့က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း နေထိုင်သူ အသက် ၁၀ နှစ်နှင့်အထက်
မိုင်းခတ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်အသိပညာ‌ပေးစာအုပ်စာစောင်နှင့် နံရံကပ်စာစောင်များပြသ
Nov 17,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတတိုးပွားရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေး စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြသခဲ့သည်။
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်လှူဒါန်းထားသော ဂါလံ ၃၀၀၀၀ ဆံ့ မီးသတ်ရေလှောင်ကန်အား ရေစက်ချလှူဒါန်း
Nov 17,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ရှေးဟောင်းသမိုင်းဝင် ဓာတ်လုံစေတီတော်၌ ယနေ့နံနက်ပိုင်းက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်လှူဒါန်းထားသော ဂါလံ ၃၀၀၀၀ ဆံ့ မီးသတ်ရေလှောင်ကန် ရေစက်ချအလှူမင်္ဂလာအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က ဇီးကုန်း)၌ လူငယ်စကားဝိုင်းကျင်းပ
Nov 17,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလ အစရှိသည့် ဗလငါးတန်အပါအဝင် အထွေထွေအသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်မြင့်မားစေရန်နှင့် လူအများရှေ့၌ ပြောဆိုဆွေးနွေးတတ်သော အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲက ဇီးကုန်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က- ဇီးကုန်း)၌ ကျင်းပပြုလုပ်ခဲ့သည်။
ဧရာဝတီတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရေး အတွက် နေကြာ၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲအခမ်းအနားတက်ရောက်
Nov 17,2023
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂ဝ၂၃-၂၀၂၄ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရေးအတွက် ဆီထွက်သီးနှံ (နေကြာ)၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက မော်လမြိုင်ကျွန်းမြို့၊‌ မော်ဧရာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။
မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အာဟာရပြည့် အစားအစာအကြောင်း နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပ
Nov 17,2023
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးအသင်းတို့ပူးပေါင်း၍ အာဟာရဖြစ်စေသော အစားအစာများအကြောင်း နံရံကပ်ပြသခြင်းနှင့် စာအုပ်ပြပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီက ကျင်းပခဲ့သည်။