မရမ်းကုန်း ဇန်နဝါရီ ၂၆
၂၀၂၃-၂၀၂၄ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆု ပေးပွဲအခမ်းအနားကို မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အ.ထ.က (၁) ကျောင်း စန္ဒိမာခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အ.လ.က (၄) ကျောင်းသား၊ ကျောင်းသူများမှ “စုံညီပွဲတော်တို့နွဲပျော်” သီချင့်ဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးဟန်ထူးဇော်က ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပြီး ထို့နောက် မြို့နယ်ပညာရေးမှူးဆရာမကြီး ဒေါ်ဝေဝေမြင့်က စုံညီပွဲတော်နှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ပြီး လေးဘာသာဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများကို ဆုငွေနှင့်ဆုတံဆိပ်များ ချီးမြှင့်ခဲ့ပြီး ဆက်လက်၍ ထူးချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများချီးမြှင်ခဲ့ပြီး ကျောင်သား၊ ကျောင်းသူလေးများက အက၊ အလှများဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။
ရဲထွန်း (ပြန်/ဆက်)