ရန်ကုန် ဇန်နဝါရီ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်ထောင်စု/တိုင်းဒေသကြီး ရန်ပုံငွေတို့ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို မြို့နယ်အတွင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ဇန်နဝါရီလ(၂၄)ရက်နေ့က လုပ်ငန်းဆောင်ရွက်ပြီးစီးနေမှု အခြေအနေများကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူးဦးကျော်လင်းသန်း၊ လှည်းကူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦးဘသိန်း၊ လှည်းကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်သန္တာစိုးနှင့် တာဝန်ရှိသူများသည် ရဲမွန်ကျေးရွာတွင် Smart Village စီမံကိန်းဖြင့် ဆောင်ရွက်ပြီးစီးသွားသော ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒရယ်ဘိုကျေးရွာတွင် ဝီရဦးကုမ္ပဏီမှဆောင်ရွက်လျက်ရှိသော ကုန်ထုတ်ဂဝံလမ်းခင်းခြင်းလုပ်ငန်း၊ ကျောင်းစုကျေးရွာနှင့် ဝါးနက်ကုန်းကျေးရွာတို့တွင် ငွေစင်ဆန်းသစ်ကုမ္ပဏီမှဆောင်ရွက်လျက်ရှိသော (မြေ+ဂဝံ)ကုန်ထုတ်လမ်းခင်းခြင်းလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)