လပွတ္တာ ဇန်နဝါရီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ကျောက်မှော် အခြေခံပညာမူလတန်းကျောင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားကို ကျောက်မှော်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်မင်းထွန်းနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်အေးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူလေးများမှ ပညာရေးစုံညီပွဲတော်သီချင်းဖြင့် သီဆိုဖျော်ဖြေပေးခဲ့သည်။
ဆက်လက်၍လပွတ္တာ ခရိုင်ပညာရေးမှူး ဦးဦးသန်းမောင်က အမှာစကားပြောကြားခဲ့သည်။ ထို့နောက်ဆုချီးမြှင့်ခြင်း အစီအစဉ်ကိုစတင်ရာ ရှေးဦးစွာ ဆရာ၊ ဆရာမများအား ထူးချွန်ပညာသင်ဆုများ ချီးမြှင့်ပေးခဲ့သည်။ဆက်လက်၍ (A)အဆင့်ရ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဉာဏဆုရ ကျောင်းသား၊ ကျောင်းသူများအား ဆုများကို ချီးမြှင့်ပေးခဲ့သည်။
အဆိုပါအခမ်းအနားသို့ ခရိုင်ပညာရေးမှူးဦးဦးသန်းမောင်နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းကော်မတီများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုံညီစွာတက်ရောက်ခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)