သာပေါင်းမြို့နယ်တွင် စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်

သာပေါင်း ဇန်နဝါရီ ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဒည်ကုန်းကျေးရွာအုပ်စုတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်အဖွဲ့များသည် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကျေးရွာအရောက် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကြရာတွင် ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေ ၂ နာရီအချိန် က ဒည်ကုန်းကျေးရွာအုပ်စု၊ ဒည်ကုန်းကျေးရွာ၊ ဇေယျာသီရိဘုန်းတော်ကြီးကျောင်းတွင် ကျေးရွာနေပြည်သူ (၁၆၇)ဦးတို့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး သန်းနိုင်၊ အဖွဲ့ဝင်(၂) ဦးကျော်တိုး၊ အဖွဲ့ဝင်(၃) မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးမြင့်မြတ်‌ဇော်နှင့် ဌာနဆိုင်ရာများက တွေ့ဆုံ၍ တရားဥပဒေစိုးမိုးရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး၊ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းတက်ရောက်ရေး၊ အလယ်တန်း၊ အထက်တန်း သင်ယူပြီးမြောက်ရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ စာသင်ကျောင်းများလုံခြုံရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနိုင်ရေး၊ ရောဂါဖြစ်ပွားမှုလျော့နည်းစေရေးအတွက် ကြိုတင် ကာကွယ်နိုင်ရေး၊ ကျေးရွာအုပ်စု ပြည်သူ့လုံခြုံရေး ကြီးကြပ်အဖွဲ့ပူးပေါင်း၍ လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး၊ ယာဥ်အန္တရာယ်ကင်းရှင်းရေး၊ မော်တော်ဆိုင်ကယ်စီးနင်းပါက ဆိုင်ကယ်ဆောင်းဦးထုပ် ဆောင်ရေး၊ သတ်မှတ်မိုင်နှုန်းအတိုင်း မောင်းနှင်ရေး၊ တရော်လာဂျီနှင့် လယ်ယာသုံးယာဥ်များ ယာဥ်မှတ်ပုံတင်ပြုလုပ်ရေး၊ စနေနေ့တိုင်း နေအိမ်အလိုက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရန်၊ တစ်ဧက (၁၀)တင်းနှုန်းပိုမိုထွက်ရှိရေး ဆောင်ရွက်ရန်၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) အား ၂၀၂၄ ခုနှစ်တွင် ဧကပြည့်စိုက်ပျိုးရေး ကြိုတင်ဆောင်ရွက်ရန်၊ ရိုးပြတ်ကျန်ဧကများ မရှိရေး သီးထပ်စိုက်ပျိုးရန်၊ ဆောင်းနေကြာ လျာထားဧက ပြည့်မီစွာစိုက်ပျိုးရေးဆောင်ရွက်ရန်၊ အယ်လ်နီညိုဖြစ်စဥ်ကြောင့် ရေပြတ် လပ်မှုရှိနိုင်သဖြင့် သောက်သုံးရေစုဆောင်းရန်၊ ရေလှောင်ကန်များ ပြုပြင်ရေသိုလှောင်ရန်၊ စိုက်ပျိုးရေအတွက် ချောင်း၊ မြောင်း၊ ရေကန်၊ ချောင်းပိတ် မြောင်းပိတ်ဆောင်ရွက်ရန်၊ ငါးသယံဇာတထိန်းသိမ်းရေး၊ လျှပ်စစ်မီးအန္တရာယ်ကင်းရှင်းရေး၊ တစ်နိုင်တစ်ပိုင်ကြက်/ဘဲ/ဝက်မွေးမြူရေး၊ ဗေဒါများအမှိုက်မြေဆွေး ပြုလုပ်ပြီး လယ်၊ စားပင်သီးပင်များ စိုက်ပျိုးရာတွင် အသုံးပြုရန်၊ ၂၀၂၅ ခုနှစ်၊ ဆီဖူလုံရေးအတွက် ဆီထွက် သီးနှံများ စိုက်ပျိုးရေး၊ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရန်နှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းကိစ္စရပ်များ ရှင်းလင်းဆွေးနွေးကြပြီး ဒေသခံပြည်သူများက သိရှိလိုသည်များ မေးမြန်းကြရာ ကဏ္ဍအလိုက် သက်ဆိုင်ရာဌာနများမှ ပြန်လည်ဆွေးနွေး ရှင်းလင်း‌ဖြေကြားပေးခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်