သပိတ်ကျင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာရည်ချွန် ဆုပေးပွဲ ကျင်းပ

သပိတ်ကျင်း ဇန်နဝါရီ  ၂၆

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ဘက်စုံပညာရည်ချွန်ဆုပေးပွဲကို အဆိုပါကျောင်းခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာအခမ်းအနားကို (အ.ထ.က.)Grade-9 ကျောင်းသား၊ကျောင်းသူများမှ “ကြိုဆိုပါသည် စုံညီပွဲတော်” သီချင်းဖြင့်သီဆိုဖွင့်လှစ်ခဲ့​ကာ မြို့နယ်ပညာရေးမှူး ဦးဝင်းမောင်ကအဖွင့်အမှာစကား ပြောကြာခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာစမ်းကကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ သည်။

ဆက်လက်၍ ဘက်စုံပညာရည်ချွန်ဆုပေးပွဲကို ဆက်လက်ကျင်းပရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ကျောင်းသူများ၊ တိုင်း၊ ခရိုင်နှင့်မြို့နယ်အဆင့် ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိခဲ့သည့် ကျောင်းသား/သူများဆုများအား မြို့နယ်ပညာရေးဦးဝင်းမောင်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာစမ်းနှင့် တာဝန်ရှိသူများက ဆုများသီးသီးချီးမြှင့်ခဲ့ကြပြီး အခမ်းအနားဖြစ်မြောက်ရေးတွင် ပါဝင်ကူညီခဲ့ကြသောအလှူရှင်များ၊ ကျောင်းအကျိုးတော်ဆောင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့သည်။

အဆိုပါ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသော၂၀၂၃-၂၀၂၄ပညာသင်နှစ် ပညာရေးစုံညီပွဲတော်သို့ မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများ၊အလှူရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျောင်းသား၊ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်များ စုံလင်စွာ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)