ဟိုမိန်းမြို့၊ ခုံလုံကျေးရွာအုပ်စု၊ လုတ်လေကျေးရွာဘုန်းတော်ကြီးကျောင်း (၆၀×၃၀)ပေ RC(၁)ထပ် ကျောင်းဆောင်သစ်ဆောက်လုပ်နေမှု ကွင်းဆင်းကြည့်ရှု စစ်ဆေး

ဟိုမိန်း ဇန်နဝါရီလ ၂၆

နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ (၂၀၂၃-၂၀၂၄)ဘဏ္ဍာနှစ် (ပြည်ထောင်စု) ခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၁၀၉.၈၀၀)သန်းဖြင့် ဟိုမိန်းမြို့၊ ခုံလုံကျေးရွာအုပ်စု၊ လုတ်လေကျေးရွာ ဘုန်းတော်ကြီးကျောင်း (၆၀×၃၀)ပေ RC(၁)ထပ်ကျောင်းဆောင်သစ်အား သတ်မှတ်ချက်နှင့်အညီ အချိန်မီပြီးစီးရေးဆောက်လုပ်နေမှုကို မြို့အုပ်ချုပ်ရေးမှူး ဦးသူရအောင်နှင့် တာဝန်ရှိသူတို့သည် ယမန်နေ့နံနက် ၁၀ နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ဆက်လက်၍ ဟိုမိန်းမြို့ အမှတ်(၂)ရပ်ကွက်နေ ကျေးရွာနေပြည်သူများ ကျေးရွာရှိ အိမ်ထောင်စုလူဦးရေစာရင်းသိရှိနိုင်ရန် (မြန်မာ/ရှမ်းနှစ်ဘာသာ)ဖြင့် ရပ်ကွက်ဆိုင်းဘုတ် စိုက်ထူဆောင်ရွက်ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေးပြီးနောက် အခြေခံပညာအထက်တန်းကျောင်း(ဟိုမိန်း)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပနိုင်ရေးအတွက် မိဘဆရာအသင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ဟိုမိန်းမြို့ မြေဧရိယာဧကနှင့်ပတ်သက်၍ ပြန်လည်စိစစ်နိုင်ရေး လုပ်ငန်းဆောင်ရွက်ချက်များကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ထက်ထက်(ဟိုမိန်း)