ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ 

ဒဂုံဆိပ်ကမ်း ဇန်နဝါရီ ၂၆

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀:၀၀)နာရီက ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်)၊ ဘွဲ့နှင်းသဘင်ခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဇင်မင်းထက်နှင့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဒုတိယဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ်ဦးဌေးအောင်တို့က လူငယ်ရေးရာဆိုင်ရာများကို အသိပညာပေးဆွေးနွေးခဲ့သည်။

ဆက်လက်၍ ပထဝီဝင်ဌာနတွဲဖက်ပါမောက္ခဒေါ်ချိုချိုခိုင်က စာရေးဆရာဒေါက်တာလင်းသိုက်ညွန့်(မြန်မာ့မြေ)၏ ကိုယ်ရေးအကျဉ်းအား ဖတ်ကြားပေးခဲ့ပြီး စာရေးဆရာဒေါက်တာလင်းသိုက်ညွန့်(မြန်မာ့မြေ)က “လူငယ်ဘဝမြှင့်တင်ရေး”ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးဦးဇင်မင်းထက်က စာရေးဆရာလင်းသိုက်ညွှန့်အား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ လူငယ်ရေးရာကော်မတီဒုတိယဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေချုပ်ဦးဌေးအောင်က ကျောင်းအုပ်ကြီးဦးထိန်လင်းအား အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။ 

အေးမဥ္ဇူ