ကျောက်ဆည် ဇန်နဝါရီ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် အမှတ်(၉၂)ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူးရုံးမှ ဒုရဲမှူးကောင်းမြတ်သူနှင့်တပ်ဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက ရန်ကုန်-မန္တလေး လမ်းမပေါ်တွင် ပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယာဉ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် မော်တော်ဆိုင်ကယ်များ ယာဉ်အမှတ်ပါရှိခြင်းရှိ/မရှိ၊ မော်တော်ယာဉ်လိုင်စင်နှင့် ဆိုင်ကယ်လိုင်စင်များပါရှိခြင်းရှိ/မရှိ၊ လူနှစ်ဦး ထက်ပို၍ တင်ဆောင်မောင်းနှင်ခြင်းမပြုရေး၊ သတ်မှတ်စည်းကမ်းများလိုက်နာဆောင်ရွက်ရေး အသိပညာပေးခြင်း၊ စစ်ဆေးဆောင်ရွက်ခြင်းလုပ်ငန်းများဆောင်ရွက်ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်ခရိုင်အတွင်း ကျောက်ဆည်မြို့နယ်၊ စဉ့်ကိုင်မြို့နယ်၊ မြစ်သားမြို့နယ်၊ တံတားဦးမြို့နယ်များတွင် ၂၀၂၃ခုနှစ်အတွင်း ယာဉ်တိုက်မှု(၇၀)မှု၊ သေဆုံးသူ(၄၂)ဦး၊ ဒဏ်ရာရရှိသူ(၁၂၇)ဦးရှိသဖြင့် ၂၀၂၄ ခုနှစ်တွင် ယာဉ်တိုက်မှုများလျော့နည်းကျဆင်းစေရေးအတွက် အသိ ပညာပေးလုပ်ငန်းများ အလေးထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တင်တင်ထွေး