ညောင်ဦး ဇန်နဝါရီ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ ကလေးသူငယ်သဘာဝဘေးအန္တရာယ်လျော့နည်းရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအခမ်းအနားနှင့် လက်တွေ့သရုပ်ပြခြင်းအခမ်းအနားကို ညောင်ဦးမြို့ အခြေခံပညာအထက်တန်းကျောင်း၊ ပန်းမျိုးတစ်ရာခန်းမ တွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဦးဆောင်လမ်းညွှန်မှုဖြင့် မီးသတ်ဦးစီးဌာနသည် ပြည်သူလူထု၏အသက်အိုးအိမ်ပစ္စည်းများ နိုင်ငံတော်အတွင်းရှိ ကုန်ထုတ် အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တာဆီးကာကွယ်ရေးလုပ်ငန်းစဉ်နှင့် သဘာဝဘေးအန္တရာယ်အပါအဝင် အခြားဘေးအန္တရာယ်များကျရောက်သည့်အခါ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ တာဝန်ယူဆောင်ရွက်ရန် ရည်ရွယ်ဖွဲ့စည်းပေးထားခြင်းဖြစ်ကြောင်းအဖွင့် အမှာစကား ပြောကြားကာ ညောင်ဦးမြို့နယ်ပညာရေးမှူး ဦးဘုန်း မောင်ကကျေးဇူးတင်စကားပြောကြား၍ အခမ်းအနားပထမပိုင်းအစီအစဉ်အနေဖြင့် တက်ရောက်လာသည့် ခရိုင်/မြို့နယ်တာဝန်ရှိသူများ စုပေါင်းအမှတ်တရဓာတ်ပုံရိုက် မှတ်တမ်းတင်ကြသည်။
ဒုတိယပိုင်းအစီအစဉ်အရ သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့်တုန့်ပြန်ဆောင်ရွက်ရေး အသိပညာပေးအစီအစဉ်တွင် ပါဝင်ဆောင်ရွက်မည့် ကျောင်းသားကျောင်းသူများ အသင့်နေရာ ယူကာ ခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ကျောင်း သားကျောင်းသူများ ပူးပေါင်းပါဝင်သည့်သဘာ ဝဘေးအန္တရာယ်လျော့နည်းရေးနှင့်တုံ့ပြန် ဆောင်ရွက်ရေး အသိပညာပေးအစီအစဉ်အား လက်တွေ့သင်ကြားဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါအခမ်းအနားသို့ ညောင်ဦး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့်ခရိုင် စီမံအဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့်မြို့နယ်စီမံအဖွဲ့ဝင်များ၊ ညောင်ဦးခရိုင်/မြို့နယ် မီးသတ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ညောင်ဦးမြို့နယ်အခြေခံပညာဦးစီးဌာနမှ မြို့နယ်ပညာရေးမှူး ဦးဘုန်းမော်နှင့် ဆရာဆရာမများ၊ခရိုင်/မြို့ နယ်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသူများ၊ ကျောင်းသား၊ကျောင်းသူများတက်ရောက်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း