ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့  ပြတိုက်ဝင်ကြေး ၃၈၅၂၆၀၀၀ ကျပ်ကောက်ခံရရှိ

ညောင်ဦး  ဇွန်  ၂၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ ပုဂံရှေးဟောင်းသုတေ သနပြတိုက်သို့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ပြည်တွင်းပြည်ပလေ့လာရေးခရီးသွားများထံမှ ပြတိုက် ဝင်ကြေးကောက်ခံရရှိမှု ၃၈၅၂၆၀၀၀ ကျပ်ကောက်ခံရှိခဲ့ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)တာဝန်ရှိသူများထံက သိရသည်။

ပုဂံရှေးဟောင်းသုတေသနပြတိုက်ကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၅ ရက်နေ့မှစ၍ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်နိုင်စေရန် ပိတ်ထားခဲ့ရာမှ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း ပုဂံရှေးဟောင်းသုတေသနပြတိုက်သည် ပုဂံမြို့ဟောင်းအတွင်း အနောက်တောင်ဘက်တွင်ရှိပြီး တောင်ဘက်ရှေးဟောင်းမြို့ရိုးနှင့် ကပ်လျက်တည်ရှိသည်။ ပြတိုက်သစ်ကြီးအား ၁၉၉၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် တည်ဆောက် ပြီးစီးခဲ့သည်။ ၁၉၀၂ ခုနှစ်၊ ယခင်အခေါ် ကမ္ဗည်းကျောက် စာဌာန၊ ယခုအခေါ် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ကျောက်စာဝန်မစ္စတာတော်စိန်ခိုက ပုဂံတစ်ဝိုက်မှ ရရှိသော ရှေးဟောင်းကျောက်စာများနှင့် ရှေးဟောင်းပစ္စည်းများကိုပြသရန် အာနန္ဒာဘုရား မြောက်ဘက်တွင် ပြတိုက်တည်ဆောက်ပြီး ၁၉၀၄ ခုနှစ်တွင် ဖွင့်လှစ်ပြသခဲ့သည်။ နှစ်အတော်ကြာပြီး အာနန္ဒာဘုရားအနီးရှိ ပြတိုက်ငယ်မှာ သေးငယ်ခြင်း၊ ခင်းကျင်းပြသမှုပုံစံမှာ လည်း ပစ္စည်းများ စုပုံပြသထားသကဲ့သို့ ဖြစ်နေခြင်း၊ နှစ်ပေါင်း ၆၀ ကျော်တွင် ရှေးဟောင်း ပစ္စည်းများ တဖြည်းဖြည်း စုဆောင်းရရှိမှု များလာခြင်းများကြောင့် ပုဂံမြို့ဟောင်းအတွင်း ကန်တော့ပလ္လင်ဘုရား တောင်ဘက် မြေဧက ၈ ဒသမ ၁၆ ကျယ်ဝန်းသော မြေနေရာအစ သစ် တွင် ခေတ်မီပြတိုက်သစ်တစ်ခုကို တည်ဆောက်ခဲ့ပြီး ၁၉၇၉ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့ တွင် ဖွင့်လှစ်ပြသခဲ့ကြောင်းသိရသည်။

ဂံရှေးဟောင်းသုတေသနပြတိုက်သည် ကျောက်စာရှစ်မြှောင့်သဏ္ဌာန်ပြတိုက်နှင့် ကျောက်ဆစ်လက်ရာများနှင့် အခြားကြီးမားသော ပစ္စည်းများပြသရန် ကျောက်စာရုံ သုံးခုပါဝင်ကြောင်း၊ ၁၉၉၅ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ရှစ်မြှောင့်သဏ္ဌာန်ပြတိုက်ငယ်တစ် ခုသာ ချန်လှပ်ပြီး ကျန်မြေ နေရာတွင် ကမ္ဘာ့အဆင့်မီ ခန့်ညားထည်ဝါသော ပြတိုက်ကြီးတစ်ခု စတင်တည်ဆောက်ခဲ့ ရာ  ၁၉၉၈ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့တွင် ဖွင့်လှစ်ပြသနိုင်ခဲ့ကြောင်း ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခက်ခက်လှ (ပြတိုက်တာဝန်ခံ)ကရှင်းပြသည်။

အသစ်တည်ဆောက်ခဲ့သော ပုဂံရှေးဟောင်းသုတေသနပြတိုက်မှာ နှစ်ထပ်အဆောက် အအုံဖြစ် ပြီး ခန့်ညားထည်ဝါသည်သာမက အတွင်းရောအပြင်ပါ မြန်မာမှုလက်ရာ၊ အင်္ဂတေပန်းများ၊ သစ်သားပန်းပု၊ ကနုတ်ပန်းလက်ရာများ၊ ယွန်းရွှေဇဝါလက်ရာများ၊ ရွှေချည်ထိုးလက်ရာများနှင့် တင့်တယ်လှပစွာ တန်ဆာဆင်ထားသောကြောင့် အဝေးမှကြည့်ကြည့်၊ အနီးကကြည့်ကြည့် ရှုမငြီးနိုင်စရာ အသွင်ရှိနေကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ကလေးပြတိုက်ကိုလည်း ပြတိုက်ကြီး၏ မြောက်ဘက်ရှိ ရှစ်မြှောင့်ပုံသဏ္ဍန် အဆောက်အအုံတွင် ခင်းကျင်းပြသထားကြောင်း သိရသည်။

ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ပြည်တွင်းခရီး သွား (၈၃၄၃၃) ဦး၊ ပြည်ပနိုင်ငံသား ၊(၃၂၈)ဦးဝင်ရောက်ခဲ့ပြီး၊ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ်၊ ဧပြီလမှ ဒီဇင်ဘာလအထိ ပြည်တွင်းခရီးသွား ၈၃၆၀ ဦး၊ ပြည်ပနိုင်ငံသား ၁၂၃ ဦးဝင် ရောက်ခဲ့ကာ စုစုပေါင်းပြတိုက် ဝင်ကြေး (၃၈၅၂၆၀၀၀)ကျပ် ကောက်ခံရရှိခဲ့ကြောင်း သိရသည်။

ပုဂံရှေးဟောင်းသုတေသနပြတိုက်အား တနင်္လာနေ့နှင့် အများပြည်သူရုံးပိတ်ရက်များမှ အပ နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲထိ ပုံမှန်ဖွင့်လှစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခက်ခက်လှ (ပြတိုက်တာဝန်ခံ)ထံကသိရသည်။

ဒီပါလင်း